iMyanmarHouse.com - Best Property Website for Myanmar
×










ဗီတာမင်ဟာ ကျွန်တော်တို့ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတဲ့ အချက်ဟာ ကျန်းမာရေးအခြေခံအချက်တစ်ခုအနေနဲ့ ကျွန်တော်တို့ သိရှိလာခဲ့ကြပါတယ်။ ဒါကြောင့်မို့ လို့  ငယ်ရွယ်နုပျိုတဲ့အသားအရေရဖို့ အတွက် ဗီတာမင် C နဲ့ E ပါတဲ့ ခရင်မ်တွေကိုလိမ်း၊ ဗီတာမင်ဖြည့်စွက်ဆေး တွေ သောက်တာက သာမန်အသိတစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမယ့် ဒီ antioxidants (ဓာတ်တို့ ဟန့် တားပစ္စည်း) ဖြည့်စွက်တဲ့ဆေးတွေဟာ ယေဘုယျအားဖြင့် မလိုအပ်သလို၊ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုပေးနိုင်ကြောင်း စိတ်အနှောင့်အယှက်ဖြစ်စရာသက်သေတစ်ခု ထွက်ပေါ်လာပါတယ်။ 

ဗီတာမင်စီနဲ့ အီးကို ဖြည့်စွက်ပစ္စည်းတွေ သုံးစွဲမှုဟာ ရောဂါနဲ့ ပျက်စီးမှုတွေကို ခန္ဓာကိုယ်က အလိုအလျောက် ကာကွယ်ပေးနိုင်တဲ့ စွမ်းရည်ကို ပိတ်ပင်သလိုဖြစ်စေပြီး အရွယ်မတိုင်ခင် သေဆုံးမှုကို ဖြစ်စေနိုင်တယ် လို့ လေ့လာတွေ့ ရှိမှု အသစ်တွေမှာ ဖော်ပြခဲ့ပါတယ်။ ဒီ ဗီတာမင်နှစ်မျိုးဟာ အားကစားလုပ်ခြင်းက ရတဲ့ အကျိုးကျေးဇူးတွေကိုတောင် တားဆီးနိုင်တယ်လို့ ဆိုပါတယ်။

ဗီတာမင်စီနဲ့ အီးဟာ ပေါင်သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ အလှကုန်ပစ္စည်းဈေးကွက်ကြီးတစ်ခုလုံးရဲ့ အဓိက သော့ချက်တွေဖြစ်ပြီး မှော်ဆန်တဲ့ နုပျိုနတ်ဆေးအဖြစ် ဈေးကွက်တင်လေ့ရှိကြပါတယ်။ ဒါပေမယ့် အခု စူးစမ်းလေ့လာမှု အသစ်အရ ဒီဓာတ်တွေဟာ အသားအရေကို ပိုမိုရင့်ရော်မှုမြန်ဆန်စေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်အတွင်း ဆဲလ်ဖြစ်ပေါ်၊ပျက်စီး သံသရာလည်ဖြစ်စဉ်ကနေ ထွက်ရှိလာတဲ့ Free radicals ခေါ် ဓာတ်တိုးပစ္စည်းတွေဟာ ဆဲလ်တွေရဲ့ ဖုံးအုပ်ထားတဲ့အမြှေးပါးတွေကို ထိခိုက်စေပြီး DNA အတွင်းပိုင်းကို ပျက်စီးစေတယ်လို့ ကျွန်တော်တို့ သိရှိထားကြပါတယ်။ ဒီ free radicals တွေဟာ ဆဲလ်တွေရဲ့သက်တမ်းကို မြန်ဆန်စေပြီး ကင်ဆာရောဂါနဲ့ အိုမင်းရင့်ရော်မှုတို့ ကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကယ်လီဖိုးနီးယားအခြေစိုက် အသက်အရွယ် အိုမင်းရင့်ရော်မှုကို သုတေသနလေ့လာရေး Buck Institute က ဒီလမှာထုတ်ပြန်ခဲ့တဲ့ လေ့လာမှုစာတမ်းက free radicals တွေဟာ အသားအရေပြန်လည်ကောင်းမွန် မှုနဲ့ အသက် ၅၀ အောက်လူတွေမှာ ကျန်းမာရေးပြန်လည် သန်စွမ်းမှုအတွက် လိုအပ်တဲ့ပစ္စည်းတွေဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဗီတာမင်စီနဲ့ အီးတို့ ဟာ ဒီ free radicals တွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် လူတွေဟာ ရောဂါဘယ ကင်းဝေးပြီး အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ဖို့ အတွက် ဗီတာမင်စီနဲ့ အီးတို့ ကနေ ဖော်စပ်ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေကို သုံးစွဲခဲ့ကြပါတယ်။ ဒီအပြုအမူဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ free radicals တွေကို ဖယ်ရှားပစ်သလိုဖြစ်နေပြီး ဆဲလ်ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် free radical တွေကို ရန်သူလို သဘောထားဖို့  ရပ်သင့်ပြီ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top