iMyanmarHouse.com - Best Property Website for Myanmar
×










အပြေးလေ့ကျင့်ခန်းလုပ်တာဟာ ကိုယ်အလေးချိန် ကျစေရုံသာ မက ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာ ရေးအတွက် အကျိုးပြုပါတယ်။ အပြေးလေ့ကျင့်ခန်းလုပ်ခြင်းဟာ ဘာတွေကောင်းကျိုးပေးသလဲဆို တာ သိထားရအောင် မျှဝေပေး လိုက်ပါတယ်။


တစ်ပတ်ကို တစ်နာရီ လောက်အပြေးလေ့ကျင့်ခန်းလုပ် ပေးတာဟာ သွေးလည်ပတ်မှု ကောင်းပြီး နှလုံးသွေးကြော အဖွဲ့ အစည်းကို အထောက်အကူပြု တာကြောင့် နှလုံးရောဂါ၊ သွေးတိုးနဲ့ ကိုလက်စထရော ပမာဏကို လျော့ကျစေပါတယ်။ အပြေးလေ့ ကျင့်ခန်းဟာ လမ်းလျှောက်တာ ထက် ကယ်လိုရီပိုကျစေတာ ကြောင့် ကိုယ်အလေးချိန်လျှော့ ချင်သူတွေ တစိုက်မတ်မတ်လုပ် ပေးသင့်ပါတယ်။

အပြေးလေ့ကျင့်ခန်းဟာ အရိုးနဲ့ကြွက်သားတွေကိုသန်မာ စေပြီး ခြေထောက်တွေကိုမြဲမြံစေ နိုင်ပါတယ်။ နောက်ပြီး ညဘက် အိပ်မပျော်တာတွေနဲ့ စိတ်ဖိစီးမှု တွေကိုလည်းလျော့ပါးသက်သာ စေတယ်လို့ဆိုပါတယ်။ ပုံမှန် အပြေးလေ့ကျင့်နေမယ်ဆိုရင် ခြေသလုံးကြွက်သားတွေသန်မာ ကာ သက်လုံကောင်းစေပါတယ်။

အသားအရေလှချင်သူတွေ အတွက် ကောင်းကျိုးပြုတာက တော့ ပြေးလွှားတဲ့အခါ ချွေးနဲ့ အတူ သဘာဝအဆီပါထွက်လာ တဲ့အတွက် အသားအရေစိုပြည် ပြီး ကျန်းမာစေပါတယ်။

အပြေး လေ့ကျင့်ခန်းဟာ ဦးနှောက်ထိခိုက်ပြီး မှတ်ဉာဏ်ချို့ ယွင်းမှု ရောဂါလက္ခဏာတွေကို လည်း လျှော့ချပေးနိုင်သလို မှတ်ဉာဏ်အား ပိုကောင်းစေတာ ကြောင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ပေးပါတယ်။

အပြေးလေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတဲ့အမျိုးသမီးတွေဆိုရင် အူမကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်ပွားမှုမှ ၃၀ ရာခိုင်နှုန်းကာ ကွယ်ပေးနိုင်ပါတယ်။ မိနစ် အနည်းငယ်လောက်ပြေးတာနဲ့ကို စိတ်ဖိစီးမှုတွေကင်းစေပြီး ပေါ့ပါး လန်းဆန်းစေပါတယ်။

အပြေးလေ့ကျင့်ခန်းက သွေးလည်ပတ်မှုကောင်းပြီး အောက် ဆီဂျင်များများရဖို့ထောက်ကူပေး တာကြောင့် အဆုတ်နဲ့ နှလုံးရဲ့ လုပ်ငန်းစဉ်တွေကို ကောင်း ကောင်းထောက်ကူပါတယ်။ ဒါ တင်မက ကိုယ်ခံအားပါကောင်း စေတာကြောင့် ဖျားနာ၊ နေ မကောင်းဖြစ်မှုတွေနည်းပါးစေပါ တယ်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top