iMyanmarHouse.com - Best Property Website for Myanmar
×










အထိုင်များသူသည် လှုပ်ရှားတက်ကြွသူထက် ဆီးချိုဖြစ်နိုင်ခြေ ပိုများကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

သုတေသနသည် လူပေါင်း (၂၀၀၀) ကို လှုပ်ရှားမှု အာရုံခံ ကိရိယာများ ပေးထားပြီး တစ်ပတ်ကြာ စောင့်ကြည့် မှတ်တမ်းတင်သည်။ ငါးနှစ်ကြာပြီးနောက် ထိုသူများအနက် ဆိးချိုဖြစ်သူများကို စာရင်းကောက်သည်။ လွန်ခဲ့သော ငါးနှစ်က ကောက်ထားသော လှုပ်ရှားမှု အနည်းအများ စာရင်းများနဲ့ ယှဉ်ကြည့်သည့်အခါ နိုးနေချိန်တွင် တစ်ရက်ကို (၁၀) နာရီ ၀န်းကျင်လောက် မလှုပ်မရှား အထိုင်များ သူတို့သည် တစ်ရက်ကို ခြောက်နာရီအောက်သာ ထိုင်လေ့ရှိသူများထက် ဆီးချိုဖြစ်နှုန်း လေးဆ ပိုများကြောင်း သိရသည်။

 လေ့လာမှုစစ်တမ်းကို ပစ္စဘာ့ဂ်ျ တက္ကသိုလ်မှ ကျန်းမာရေးနှင့် ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ သုတေသနပညာရှင် ဘီသနီ ဘာရိုနီ ဂစ်ဘ်နှင့်အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာတစ်ဝန်း လူ (၁၀) ဦးတွင် တစ်ဦးသည် ဆီးချိုဖြစ်ပွားနေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောသည်။ ဖြစ်ပွားမှု အများစုမှာ အမျိုးအစား (၂) ဆီးချိုမျိုး ဖြစ်သည်။ ထိုဆီးချို ကြောင့် အ၀လွန်မှုနှင့် အရွယ်မတိုင်မီ အိုမင်းခြင်းများ ပိုဖြစ်ပွားစေ နိုင်သည်။

စစ်တမ်းရလဒ်ကို Diabetes Care ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံမှ အသက် (၃၈)မှ (၅၀) ကြား လူပေါင်း (၂၀၂၇) ဦးကို လေ့လာထားခြင်း ဖြစ်သည်။ အများစုမှာ အ၀လွန်နေသူများ ဖြစ်သည်။ တစ်ရက်လျှင် မလှုပ်မရှား ငြိမ်နေချိန် (၁၀) နာရီဝန်းကျင် ရှိသူများသည် ခြောက်နာရီ ၀န်းကျင်သာ ရှိသူများထက် ဂလူးကို့စ်ကို ချေဖျက်နိုင်စွမ်း နည်းပါးသဖြင့် ဆီးချိုဖြစ်ပွားနိုင်စွမ်း မြင့်မားလာရခြင်း ဖြစ်ကြောင်း သိရသည်။

Credit : messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top