ချက်ကိုသန့်ရှင်းရေးလုပ်ကြရဲ့လား
တစ်ကိုယ်ရေသန့်ရှင်းရေး အတွက် ရေမိုးချိုးကြတဲ့အခါ ချက်ကိုဂရုတစိုက်နဲ့ ဆေးကြော သန့်ရှင်းတာမျိုးတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ ချက်ကိုသန့်ရှင်း ရေးမလုပ်ရင် ရောဂါပိုးဝင်တာ တွေဖြစ်နိုင်သလို အနံ့ဆိုးထွက် တာတွေကြုံတတ်ပါတယ်။
ရောဂါပိုးဝင်ပြီးရင် ချက် တစ်ဝိုက်ယားယံတာ၊ နီမြန်းလာ တာ၊ အနာဖေးတွေတက်လာတာ နဲ့ စူးအောင့်တာမျိုးတွေဖြစ်တတ်ပါတယ်။ သန့်ရှင်းရေးမလုပ်တဲ့အတွက် အညစ်အကြေးတွေစုကာ ကျောက်ခဲလို မာကျောတဲ့ အရာဝတ္ထုတွေဖြစ်လာတတ်လို့ ကြာလာရင် ပိုးဝင်ပြီးပြည်တည်နာလိုမျိုးတွေဖြစ်လာတတ်ပါတယ်။
ချက်မှာ အညစ်အကြေးစုရ ခြင်းအကြောင်းရင်းဟာ ကြေး(ဂျီး)၊ချွေး၊ ဘက်တီးရီးယားနဲ့ ဆပ်ပြာစတာတွေ ရောထွေးတာကြောင့်ဖြစ်တတ်ပြီး သုတေသနတစ်ခုမှာတော့ ချက်ကို ဘက်တီးရီးယား ၆၇ မျိုးလောက်ဝင်နိုင်တဲ့အခြေအနေရှိတယ်လို့ ဆိုတာကြောင့် သန့်ရှင်းမှုကိုအထူးဂရုစိုက်ရမှာပါ။
ချက်ပုံစံကလည်း အရပ် ခေါ် ချက်ထီး၊ ချက်မဆိုပြီးရှိတာကြောင့် အတွင်းကိုဝင်တဲ့ပုံစံ ချက်မဆိုရင်တော့ နားကျပ်ဂွမ်း တုတ်လေးနဲ့ သန့်ရှင်းရေးလုပ်နိုင် သလို အပြင်ထွက်တဲ့ပုံစံချက်ထီး ဆိုရင်တော့ ဆေးကြောရတာပို လွယ်ကူပြီး ရေစိုဝတ်လေးနဲ့ သန့် ရှင်းလိုက်ရုံပါပဲ။ အခုကစလို့ ချက်ကိုသတိထားသန့်ရှင်းရေး လုပ်ပြီး စူးအောင့်တာမျိုးတို့၊ အနံ့ အသက်မကောင်းတာမျိုးဖြစ်ရင် တော့ ဆရာဝန်နဲ့သေချာ ပြ သဖို့ လိုပါတယ်။
Credit: 7Day Dayily
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...