iMyanmarHouse.com - Best Property Website for Myanmar
×











ခန္ဓာကိုယ်စနစ်တွင် သကြားပမာဏလျော့ကျနေခြင်း၊ စိတ်ဖိစီးနေခြင်း၊ ရေဓာတ်ခန်းခြောက်နေခြင်းနှင့် လေ့ကျင့်ခန်းမလုပ်ခြင်းတို့မှာ ချိုသော အစားအစာများ စားသောက်လိုခြင်း အများစုအတွက် အကြောင်းရင်းအချို့ဖြစ်သည်။ အကယ်၍ နည်းမှန် လမ်းမှန် စား သောက်ပြီး နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါက အချိုစားလိုစိတ်နည်းပါး မည်မှာ သေချာသည်။

ထို့ကြောင့် အချိုစားလိုစိတ်ကို လျှော့ချတိုက်ဖျက်နိုင်မည့် နည်းလမ်းများကို ဖော်ပြပေးလိုက်သည်။

အမြန်ပြင် အစားအစာများကို အလွန်မစားပါနှင့်။ မိမိအနှစ် သက်ဆုံး အမြန်ပြင်အစားအစာဆိုင်ရှေ့မှ ဖြတ်သွားချိန် ကိုကာကို လာတစ်ဘူး(သို့မဟုတ်)ဘာဂါတစ်လုံး ဝယ်ယူလိုပါက သွားမဝယ် ခင် နှစ်ကြိမ်စဉ်းစားပါ။ သင်၏ရေခဲသေတ္တာထဲတွင် လတ်ဆတ်သောသစ်သီးများ၊ ဟင်းသီးဟင်းရွက်များဖြင့် ဖြည့်ထားပါက အချိုစားလို သောအချိန်တွင် သစ်သီးအချို့ စားလိုက်ပါ။

နေ့စဉ် နေ့လယ်စာ စားပြီးတိုင်း အချိုတစ်ခုခု စားလေ့ရှိပါသ လား၊ တီဗီကြည့်နေစဉ် အချိုပါသောမုန့်များ(သို့မဟုတ်)ရေခဲမုန့်များစားလေ့ရှိပါသလား။ ညနေခင်းတိုင်း ကွတ်ကီးများ စားလေ့ရှိပါသ လား။ ယင်းမေးခွန်းများအတွက် သင်က ‘‘ဟုတ်ပါတယ်’’ဟု ဖြေခဲ့ပါ က သင်၏အလေ့အထကို ပြင်ဆင်ရန် လိုအပ်သည်။

အစားအစာကို မစားဘဲ မနေပါနှင့်။ ဆာလောင်လာချိန်တွင် အစားအစာကို များစွာပို၍ စားသောက်လေ့ရှိသောကြောင့် အချိုစားလိုစိတ်ကို ထိန်းချုပ်ရန် ခက်ခဲလေ့ရှိသည်။

အချိုအလွန်စားသောက်ချင်စိတ်ဖြစ်လာပါက မိနစ် ၂၀ ခန့် အလုပ်ရှုပ်အောင် နေလိုက်ပါ။ မိနစ် ၂၀ သည် အချိုစားလိုစိတ် ပျောက်သွားစေရန် လုံလောက်သော အချိန်ဖြစ်သည်။

ရေများများသောက်ပါ။ ရေသောက်ပါက ဗိုက်ပြည့်သလို ခံစားရပြီး အချိုစားလိုချိန်တွင် ရေတစ်ခွက်(သို့မဟုတ်)နှစ်ခွက်သောက် လိုက်ပါ။

အကယ်၍ မအောင်မြင်သေးပါက သွားတိုက်လိုက်ပါ (သို့မ ဟုတ်)ပီကေဝါးနေလိုက်ပါ။ သစ်သီးများတွင် သဘာဝသကြားဓာတ်၊ သတ္တုဓာတ်များနှင့် ခန္ဓာကိုယ်အတွက် အရေးကြီးသော ဗီတာမင်များ ပါဝင်သောကြောင့် သစ်သီးများစားပေးပါ။

သစ်သီးများတွင် အမျှင်ဓာတ်များလည်း ပါဝင်ပြီး ရေဓာတ်ပါဝင်သောကြောင့် ဗိုက်ပြည့်သလို ခံစားရအောင် အထောက်အကူပြုနိုင် သည်။ အချိုစားလိုသည့်အချိန်တိုင်း သစ်သီးများစားလိုက်ပါ။ သစ် သီးများစားခြင်းမှာ သင်၏အချိုစားလိုစိတ်ကိုသာ ပြေပျောက်စေမည် မဟုတ်ဘဲ ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်များကိုလည်း ရရှိစေမည်ဖြစ်သည်။    

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top