သင့်ရဲ့ကောင်လေးမှာ ဒီအရည်အချင်း ၁၀ ခုရှိရင် သူ့ ကို ဘယ်တော့မှ လက်လွှတ်မခံပါနဲ့ 
အောက်ဖော်ပြပါ အချက်၁၀ ချက်ဟာ တစ်ကမ္ဘာလုံးလက်ခံထားကြတဲ့ လက်တွဲသင့်တဲ့ယောင်္ကျားကောင်း တွေရဲ့ အရည်အချင်း ၁၀ မျိုးဖြစ်ပါတယ်။ ဒီအချက် အားလုံးနီးပါနဲ့ ကိုက်ညီတဲ့ ချစ်သူကောင်လေးတစ်ယောက် သင်ပိုင်ဆိုင်ထားရတယ် ဆိုရင်တော့ ဘယ်တော့မှ လက်လွှတ်မခံလိုက်ပါနဲ့ ။
၁။ သူဟာ လူအားလုံးကို ကြင်နာတတ်တယ်။
သင် ကောင်းတဲ့အချိန်ကော ဆိုးတဲ့အချိန်ပါ ကြင်နာတတ်ပြီး သင်တစ်ယောက်တည်း မဟုတ်ဘဲ သူ့ ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဝင်တွေရော၊ အားလုံးနီးပါးကို ကြင်နာ တတ်တဲ့ ယောင်္ကျားမျိုးပါ။
၂။ သူဟာ တကယ့်ကိုပျော်ရွှင်တတ်သူ။
ပျော်ရွှင်တဲ့လူတစ်ယောက်ဟာ ကျန်းမာရေးကောင်းမွန်ရုံသာမက အကောင်းမြင်ဝါဒ လည်းရှိပြီး ကျေနပ်ရောင့်ရဲမှုရှိပါတယ်။
၃။ သင့်ကိုတကယ်ချစ်မြတ်နိုးတယ်။
သင့်ရဲ့အပြင်ပန်းအလှတင်မဟုတ်ဘဲ သင်လုပ်တတ်တဲ့အပြူအမူလေးတွေ၊ သင် က သူ့ ထက် အရပ်လေးပုနေတာ၊ ဘာသောက်သောက် ရှောက်သီးသုံးလုံးတိတိ ညှစ်ထည့်တတ်တာကအစ ချစ်မြတ်နိုးတတ်တဲ့ယောင်္ကျားမျိုးပါ။
၎။ အိပ်ရာပေါ်မှာလည်း သင့်ကို အလေးထားတဲ့လူမျိုး။
ယောင်္ကျားကောင်းတစ်ယောက်ဟာ သူ့ ရဲ့အမျိုးသမီးကို ကာမဆန္ဒအရင် ပြီးမြောက်စေတယ်။
၅။ သင့်ကို ပြုံးအောင်လုပ်တတ်သူ
သူနဲ့ အတူ ရှိနေတဲ့အချိန်တိုင်း၊ သူ့ အကြောင်းတွေးလိုက်တဲ့အချိန်တိုင်း သင် ပြုံးမိစေတဲ့ ယောင်္ကျားမျိုးပေါ့။
၆။ သူ့ နားမှာ စိတ်လွတ်ကိုယ်လွတ်နေနိုင်တယ်
သင့်ရဲ့ဟန်ဆောင်ချုပ်တည်းထားမှုတွေကို ဖြေလျော့ပြီး သူ့ ရှေ့ မှာ သင့်မူလစရိုက် ပုံစံအတိုင်းနေနိုင်တဲ့ သူမျိုးပေါ့။
၇။ သူ့ တစ်ယောက်တည်းကိုပဲ သင်က စိတ်ကူးယဉ်တတ်ရင်
တခြား ခပ်တောင့်တောင့်၊ခပ်ဖြောင့်ဖြောင့် ယောင်္ကျားလေးတွေတွေ့ ရင်တောင် လှည်မကြည့်ဖြစ်တော့ဘဲ သူ့ ကိုဘဲ စိတ်ရောက်နေတတ်ပြီ။
၈။ သင့်လိုပဲ သူက သုံးစွဲတတ်တယ်
ပိုက်ဆံကလည်း အချစ်ရေးပြဿနာတွေရဲ့ အဓိကရေသောက်မြစ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ လို့ အသုံးအစွဲတူတဲ့ ယောင်္ကျားမျိုးကလည်း အရေးကြီးပါတယ်။
၉။ သင့်ကို သည်းညည်းခံတတ်တဲ့လူ
သင် စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ ကို အော်ဟစ်နေတဲ့အခါမျိုးမှုာတောင် သင့်ရဲ့ အကျင့်စရိုက်ကို နားလည်ပေးပြီး သင်နားလည်အောင် ကြင်နာစွာပြောပြတတ်သူ၊ ဒါမှမဟုတ် သင်အခက်အခဲတွေကြုံရတဲ့အခါ သင့်ကို ထောက်ခံအားပေးသူမျိုးပေါ့။ သင့်ရဲ့ အတွင်းပိုင်းထဲအထိ သူက မြင်နိုင်ပြီး သင့်ရဲ့အပြစ်အနာအဆာတွေကို လက်ခံ ပေးပါတယ်။
၁၀။ သင့်ကို အမြဲရှေ့ တန်းတင်ထားသူ
သူ အဆုံးအဖြတ်လုပ်ရမယ့်အချိန်တိုင်းမှာ သင့်ကိုပဲ သူ့ ဘ၀ရဲ့ အရေးကြီးဆုံး နံပါတ် တစ် လူသားအဖြစ် သတ်မှတ်ထားတဲ့ ယောင်္ကျားမျိုးပေါ့။ သူ့ သူငယ်ချင်းတွေက သောကြာနေ့ ညပျော်ပါးကြဖို့ ချိန်းရင်တောင် သင်စိတ်ခုမှာစိုးလို့ ငြင်းတတ်တဲ့ သူမျိုးပေါ့။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...