Avril Lavigne နဲ့ Chad Kroger တို့ ကွာရှင်းပြတ်စဲ
Nickelback တီးဝိုင်းခေါင်းဆောင် Chad Kroger နဲ့ အိမ်ထောင်သက် နှစ်နှစ်အကြာမှာ ပြတ်စဲလိုက်ပြီ ဖြစ်ကြောင်း Avril Lavigne က စက်တင်ဘာ ၂ ရက်နေ့ က အတည်ပြုပြောကြားလိုက်ပါတယ်။
Avril Lavigne ဟာ အဆိုပါသတင်းကို သူတို့ စုံတွဲပုံနဲ့ အတူ ကွာရှင်းရတဲ့အကြောင်း အကျဉ်းချုပ်ရေးထားတဲ့ စာနဲ့ Instagram မှာ တရားဝင်ကြေငြာခဲ့တာဖြစ်ပါတယ်။ “ Chad နဲ့ ကျွန်မတို့ ရဲ့ကွာရှင်းမှုကို ဒီနေ့ ကြေငြာရတာ စိတ်ထဲ မကောင်းမိပါဘူး။ ကျွန်မတို့ အိမ်ထောင်ရေးအပြင် ဂီတပိုင်းမှာလည်း မမေ့နိုင်စရာ အချိန်တွေကို ကျွန်မတို့ အတူ ဖန်တီးခဲ့ကြပါတယ်။ အကောင်းဆုံး မိတ်ဆွေတွေအဖြစ် အခုရော နောင်ပါ ဆက်ရှိနေမှာပါ။ တစ်ယောက်နဲ့ တစ်ယောက်လည်း ဂရုစိုက်လျက် ရှိနေဦးမှာပါ။ ကျွန်မတို့ နှစ်ယောက်ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေအတွက် တကယ်ကိုကျေးဇူးတင်ပါတယ်” လို့ Avril Lavigne က ရေးသားခဲ့ပါတယ်။
အသက် ၃၀ ရှိပြီဖြစ်တဲ့ Lavigne ဟာ အသက် ၄၀ အရွယ် Nickelback တီးဝိုင်းခေါင်းဆောင် Chad Kroger ကို ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။
Credit: Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...