iMyanmarHouse.com - Best Property Website for Myanmar
×










ကိုယ်ဝန်မဆောင်မီ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားခြင်းကြောင့် မီးဖွားချိန် ကလေးများတွင် အချို့သောနှလုံး မူမမှန် ဖြစ်နိုင်သည့်အန္တရာယ်များကို လျော့ကျစေနိုင်ကြောင်း လေ့လာမှု တစ်ခုက ဖော်ပြသည်။

ယူတားတက္ကသိုလ်မှ သုတေသီများက အမျိုးသမီး ၁၉,၀၀၀ ၏ကိုယ်ဝန်မဆောင်မီ စားသောက်သော အစားအစာများကို အရည်အ သွေး အရေအတွက်တို့နှင့် ပတ်သက်၍ လေ့လာထားခြင်းဖြစ်သည်။ ၎င်းအမျိုးသမီးများအားလုံးသည် မွေးဖွားခြင်းဆိုင်ရာ ချွတ်ယွင်းမှု ကာကွယ်ရေး လေ့လာမှုအစီအစဉ်တွင် ပါဝင်သည်။

၎င်းအမျိုးသမီးများအနက် ထက်ဝက်သည် ကျန်းမာသန်စွမ်း သော ကလေးများ မွေးဖွားကြပြီး ကျန်ထက်ဝက်မှာ နှလုံးမူမမှန်ဖြစ် နေသော သားသမီးများမွေးဖွားခဲ့ကြသည်။ မွေးဖွားစဉ် ကလေးများ နှလုံးမူမမှန်ဖြစ်နိုင်သည့် အန္တရာယ်များကို ကောင်းမွန်သော အစား အသောက်အရည်အသွေးက လျော့ပါးစေနိုင်သည်ဟု လေ့လာမှုများက ဖော်ပြပြီး ယင်းအန္တရာယ်များကို ဗီတာမင်ဖြည့်စွက်ဆေးများက လျှော့ချနိုင်သည်ဟု ယခင်လေ့လာမှုများက ဖော်ပြသည်။

အစားအသောက်အရည်အသွေး ၇၅ ရာခိုင်နှုန်းနှင့်အထက်ရှိ သော မိခင်လောင်းများသည် အစားအသောက် အရည်အသွေး ၂၅ ရာခိုင်နှုန်းအောက်သာ စားသောက်သော မိခင်လောင်းများထက် မွေးဖွားလာသည့်ကလေးများတွင် နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ် သိသိသာသာ လျော့နည်းသည်။

ကောင်းမွန်သော အစားအသောက်များကို စားသောက်ရခြင်း ကြောင့် မီးဖွားစဉ် ကလေးငယ်များ၏နှလုံးချို့ယွင်းမှုအန္တရာယ်များကို သိသိသာသာလျော့ကျစေနိုင်သည်။

ထို့ပြင် ကျွမ်းကျင်သူများ၏လမ်းညွှန်ချက်များအတိုင်း လိုက်နာခြင်းဖြင့် ကျန်းမာသန်စွမ်းသော သားသမီးများ မွေးဖွားလာနိုင်မည် ဖြစ်သည်။ ကျန်းမာရေးနှင့်ညီသော အစားအစာကို တစ်နေ့လျှင် ၅  ကြိမ်(သို့မဟုတ်) ၆ ကြိမ်စားပါ။ ဆရာဝန်ညွှန်ကြားချက်အတိုင်း မိခင်လောင်းများ သောက်သင့်သည့် ဗီတာမင်များ နေ့စဉ်သောက်ပါ။ အရည်များများသောက်ပါ။ တစ်နေ့လျှင် ရေ ၁၀ ခွက်အထိသောက်ပါ။ ကဖိန်းနှင့်အရောင်ဆိုးဆေးပါဝင်သော ဖျော်ရည်များမသောက် ပါနှင့်။ အရက်မသောက်ပါနှင့်။ ဆေးလိပ်မသောက်ပါနှင့် (သို့မ ဟုတ်) ဆေးလိပ်သောက်သူနားတွင် နေပြီး ဆေးလိပ်ငွေ့ မရှူမိပါစေ နှင့်။ ကိုယ်ဝန်ဆောင်များ ပြုလုပ်နိုင်သည့် လေ့ကျင့်ခန်းများ ပြုလုပ် ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ မတင်းကျပ်သော သက်သောင့်သက် သာရှိစေမည့် အဝတ်အစားများ ဝတ်ဆင်ပါ။ ဆရာဝန်နှင့်မတိုင်ပင်ဘဲ အလွယ်တကူ ဝယ်ယူနိုင်သော ဆေးများ(သို့မဟုတ်)တိုင်းရင်းဆေး များမသောက်ပါနှင့်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top