iMyanmarHouse.com - Best Property Website for Myanmar
×










သင့်ဆီမှာ မိသားစုကြောင့်ဖြစ်ဖြစ်၊ ချစ်သူရည်းစားနဲ့ ပြတ်သွားတာကြောင့် ဖြစ်ဖြစ်၊ အလုပ်ကိစ္စတွေ အဆင်မပြေတာကြောင့်ပဲဖြစ်ဖြစ် စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်း၊ မိတ်ဆွေ တစ်ယောက်ယောက်များ ရှိနေပါသလား။ သူတို့နဲ့ ဆုံတဲ့အခါ သူတို့ခံစားနေရတာတွေ လျော့နည်းသွားအောင် လုပ်ပေးချင်ပေမယ့် ဘာပြောလို့ ပြောရမှန်းမသိဖြစ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာ သင့်အနေနဲ့ တစ်ဖက်လူအတွက် အားပေးရာမရောက်ပဲ ပိုစိတ်ဆင်းရဲသွားစေတတ်တဲ့ စကားမျိုးတွေ မပြောဖြစ်အောင်တော့ ရှောင်သင့်ပါတယ်။ အဲ့ဒီစကားတွေက

၁။ဒါနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျစရာ ဘာမှမရှိပါဘူး။
တစ်ဖက်လူခံစားနေရတာတွေကို ကိုယ်ချင်းစာမပေးနိုင်သလို ဖြစ်နေတဲ့ စကားမျိုးမို့ ဒါလိုစကားမျိုး မပြောသင့်ပါဘူး။

၂။ဒီလိုခံစားနေတာမျိုးက ဘာများ အကျိုးရှိလို့လဲ။
မှန်ပါတယ်။ ခုလို စိတ်ဓာတ်ကျနေတာမျိုးက ဘာမှအသုံးမ၀င် အကျိုးလည်း မရှိပါဘူး။ ဒါက ဘာနဲ့တူသလဲဆိုတော့ ကင်ဆာရောဂါဖြစ်နေတဲ့သူကို ဒီရောဂါဖြစ်လို့ ဘာအကျိုးမှမရှိဘူးလို့ ပြောနေသလိုပါပဲ။

၃။အားလုံး အဆင်ပြေသွားမှာပါ။
ဒီစကားက ကြားနေကျစကားတွေထဲမှာ အဆိုးဆုံးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၎။ဒါ ၀မ်းနည်းစရာ ဘာကောင်းလို့လဲ။
လူတစ်ယောက် ကြုံလာရတဲ့ အရာကို ပိုမိုပြင်းထန်အောင် သူ့ရဲ့အတိတ်ဖြစ်ရပ်တွေက ပံ့ပိုးလိုက်သလို ရှိတတ်ပါတယ်။ သူ့နောက်ကြောင်းဘာတွေရှိမှန်းမသိပဲ ဒါဘာများ ၀မ်းနည်းစရာကောင်းလို့ ခံစားနေရသလဲတော့ မမေးသင့်ပါဘူး။

၅။အပြင်လေးဘာလေးသွားပြီး ပျော်စရာကောင်းအောင် နေကြည့်ပါလား။
ဒါလည်း မဖြစ်နိုင်တဲ့အရာကို အကြံပေးနေသလိုပါပဲ။ အပြင်ထွက်သည့်တိုင်အောင် အပျော်တော့ မရှာချင်တတ်ကြပါဘူး။ အထူးသဖြင့် အပြင်းအထန် စိတ်ဓာတ်ကျနေချိန်မှာပေါ့။

၆။ မငိုပါနဲ့။
အမှန်တော့ စိတ်ဖိစီး နာကျင်မှုတွေ စိတ်ထဲမထားပဲ ငိုချလိုက်ခြင်းဟာ သင့်အတွက် ကောင်းကျိုးတွေ အများကြီးယူဆောင်လာပေးနိုင်ပါတယ်။ မျက်ရည်ကျတာဟာ ရှက်စရာမဟုတ်ပါဘူး။ သက်သာသွားဖို့သာ အရေးကြီးပါတယ်။

၇။နင့်ထက်ပိုဆိုးတဲ့လူတွေ အပြင်မှာအများကြီးပဲ။
ဒါမှန်ပါတယ်။ ဒါပေမယ့် ကိုယ်ခံစားနေရတဲ့ ဒုက္ခ ပင်ပန်းမွန်းကျပ်မှုတွေကရော အပြင်လူတစ်ယောက် ခံစားနေရတဲ့ ပူလောင်မှုထက် မများဘူးလို့ ဘယ်လိုများ ပြောနိုင်ပါသလဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top