iMyanmarHouse.com - Best Property Website for Myanmar
×










အိပ်မပျော်တဲ့ရောဂါမှာ မျိုးရိုးဗီဇက တစ်စိတ်တစ်ပိုင်း လွှမ်းမိုးမှုရှိပြီး အမျိုးသမီးတွေအပေါ်မှာ အမျိုးသားတွေထက် ပိုမိုအကျိုးသက်ရောက်မှုရှိကြောင်း လတ်တလော လေ့လာတွေ့ရှိမှုအရ သိရပါတယ်။

လူဦးရေရဲ့ ၃၀ မှ ၃၅ ရာခိုင်နှုန်းအထိမှာ အိပ်မပျော်တဲ့ရောဂါ လက္ခဏာတွေကို ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ အနည်းဆုံး ၃လနီးပါး တစ်ပတ်ကိုက ၃ကြိမ်ခန့် အိပ်မပျော်တဲ့ ပြဿနာလိုမျိုး ပြင်းထန်တဲ့ အိပ်မပျော်တဲ့ရောဂါတွေဟာ အရွယ်ရောက်ပြီးသူတွေရဲ့ ၁၀ ရာခိုင်နှုန်းမှာ အမြဲလိုလိုရှိနေတာ ဖြစ်ပါတယ်။

Virginia Commonwealth University မှ ဒေါက်တာ Mackenzie Lind က “ ဒီလေ့လာမှုက အမျိုးသားတွေထက် အမျိုးသမီးတွေအပေါ် အိပ်မပျော်ရောဂါ ဖြစ်ပွားမှုနှုန်းကို အားပေးတဲ့နေရာမှာ မျိုးရိုးဗီဇက တော်တော်ပါဝင်ပတ်သက်နေတာကို ဖော်ပြနေပါတယ်။ ကျားမကွဲပြားမှုအပေါ် ထင်ရှားတဲ့ သာဓကတွေကြောင့် အမျိုးသမီးတွေအတွက် အိပ်စက်ရာမှာ အနှောင့်အယှက်ဖြစ်စေတာတွေကို အသေးစိတ်လေ့လာနိုင်ဖို့ အသုံးဝင်မှာ ဖြစ်ပါတယ်” လို့ ရှင်းလင်းပြောပြထားပါတယ်။

လေ့လာသူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ဟာ အိပ်မပျော်ခြင်းနဲ့ပတ်သက်ပြီး ထင်ရှားတဲ့အကျိုးသက်ရောက်မှုရှိတာကို တွေ့ရှိပြီးဖြစ်သော်လည်း လူတစ်ယောက်ရဲ့ပုံမှန်အိပ်စက်မှုတွေကို အနှောက်အယှက်ဖြစ်စေတဲ့ မျိုးရိုးဗီဇအကြောင်းအရာတွေကိုလည်း သိရှိခဲ့ရတာဖြစ်ပါတယ်။ အမျိုးသားတွေမှာ မျိုးရိုးဗီဇကြောင့် အိပ်မပျော်တဲ့ရောဂါ ဖြစ်ပွားနိုင်ချေ ၃၈ရာခိုင်နှုန်းရှိပြီး အမျိုးသမီးတွေမှာတော့ ၅၉ရာခိုင်နှုန်းအထိ ရှိနေကြောင်းကို သိသာထင်ရှားစွာ သိရှိခဲ့ရတာဖြစ်ပါတယ်။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top