iMyanmarHouse.com - Best Property Website for Myanmar
×










လူတိုင်း ထက်ဝက်နီးပါးသည့် အသက် (၃၀) နောက်ပိုင်းတွင် နာမကျန်းဖြစ်နိုင်သည့် အန္တရာယ်မြင့်မားလာပြီး အသက်အရွယ်ကြီး ချိန်၌ ကျန်းမာရေးညံ့ဖျင်းလာလေ့ရှိကြောင်း လေ့လာမှုတစ်ရပ် က ဖော်ပြသည်။

ကြိုတင်ကာကွယ်ခြင်းမှာ ကုသခြင်းထက် အမှန်တကယ်ပို ကောင်းသောကြောင့် ကျန်းမာရေးစစ်ဆေးမှုရလဒ်အများစုက စိတ် အေးချမ်းမှုရစေနိုင်ပြီး အကယ်၍ ပြဿနာရှိပါကလည်း စောစော စီးစီးစစ်ဆေးတွေ့ရှိလျှင် ပိုမိုထိရောက်စွာ ကုသနိုင်မည်ဖြစ်သည်။

အမျိုးသမီးတိုင်း ပြုလုပ်သင့်သော အရေးကြီးသည့် ကျန်းမာ ရေးစစ်ဆေးမှုများကို ဖော်ပြပေးလိုက်ပါသည်။

အသက် (၃၀) နှင့် (၃၅) နှစ်ကြား အမျိုးသမီးများတွင် သားအိမ် ခေါင်းကင်ဆာဖြစ်ပွားမှုအများဆုံးဖြစ်သော်လည်း အသားစထုတ် ယူစစ်ဆေးမှု (Smear Test) ပုံမှန်ခံယူရန်မှာ အရေးကြီးဆဲဖြစ် သည်။ အသက် (၂၅) နှစ်နှင့် (၄၉) နှစ်ကြား အမျိုးသမီးများအနေ ဖြင့် သုံးနှစ်ကြာတိုင်း တစ်ကြိမ်စစ်ဆေးမှုခံယူသင့်ပြီး အသက် (၅၀) နှင့်(၆၄) နှစ်ကြာ အမျိုးသမီးများသည် ငါးနှစ်ကြာတိုင်းတစ်ကြိမ် စစ်ဆေးမှုခံယူသင့်သည်။

အမျိုးသမီးတစ်ဦးအနေဖြင့် မည်သည့်အသက်အရွယ်၌ မဆို ရင်သားအခြေအနေအပြောင်းအလဲနှင့် ပတ်သက်၍ သတိရှိရန် လိုအပ်သည်။ ရင်သားကင်ဆာရောဂါမှာ အမျိုးသမီးများကြားအဖြစ်များပြီး သုံးနှစ်ကြာတိုင်း တစ်ကြိမ်စီ ရင်သားကို ဓာတ်မှန်ရိုက်ကူး စစ်ဆေးသင့်သည်။

မည်သည့်အရွယ်ပင်ဖြစ်စေ တစ်နှစ်လျှင် တစ်ကြိမ် မျက်စိ အထူးကုဆရာဝန်နှင့် စစ်ဆေးမှုခံယူရန် အရေးကြီးသည်။ ယင်းကဲ့ သို့ မျက်စိစစ်ဆေးမှုခံယူခြင်းဖြင့် ဆီးချိုရောဂါနှင့် ရေတိမ်တို့ကဲ့သို့ ကျန်းမာရေးအခြေအနေများကို စစ်ဆေးတွေ့ရှိနိုင်သည်။ အကယ်၍ယင်းအခြေအနေမျိုး ကြုံတွေ့နေခြင်းကို ကြိုတင်စစ်ဆေးတွေ့ရှိ ခြင်းမရှိပါက အမြင်အာရုံတဖြည်းဖြည်းဆုံးရှုံးမှုဖြစ်နိုင်သည်။

အူမကြီးကင်ဆာရောဂါမှာလည်း အမျိုးသမီးများ ကြုံတွေ့ရမှု များသည့် ရောဂါတစ်မျိုးဖြစ်၍ ပုံမှန်စစ်ဆေးမှု ခံယူရန် အရေးကြီး သည်။ အူမကြီးကင်ဆာရောဂါကို စောစောစီးစီးစစ်ဆေးတွေ့ရှိရန် လိုအပ်သည်။ ထို့ကြောင့် အသက် (၄၀) အရွယ်တွင် စတင်၍ စစ်ဆေးမှု ခံယူပါ။

သွေးဆုံးပြီးသည်နှင့် အမျိုးသမီးများ၏ အရိုးကျန်းမာရေးအခြေ  အနေမှာ ပို၍ အရေးကြီးလာပြီဖြစ်သည်။ အသက် (၅၀) ကျော်လျှင်အမျိုးသမီးများ အရိုးပွရောဂါဖြစ်နိုင်သည့် အန္တရာယ်မြင့်မားသည်။ ထို့ကြောင့် အရိုးသိပ်သည်းဆကို စစ်ဆေးမှု ပြုလုပ်ပါ။ အထူးသဖြင့် မိသားစုတွင် အရိုးပွသည့် ရောဂါရာဇ၀င်ရှိလျှင် (သို့မဟုတ်) အရက်နှင့် ဆေးလိပ်အလွန်အကျွံသောက်ခြင်းကဲ့သို့ အရိုးပွရောဂါဖြစ်စေ နိုင်သော အန္တရာယ်များသူများအနေဖြင့် အရိုးသိပ်သည်းဆစစ်ဆေး မှုခံယူရန် လိုအပ်သည်။

ထို့အပြင် အမျိုးသမီးများအသက်အရွယ်ကြီးရင့်လာချိန်တွင် အကြားအာရုံချွတ်ယွင်းမှု ကြုံတွေ့ရလေ့ရှိသဖြင့် သတိထားစောင့် ကြည့်ရန်လိုသည်။ အကယ်၍ ကလေးဘ၀ကတည်းက တစ်ကြိမ်မှ အကြားအာရုံစစ်ဆေးမှု မခံယူဖူးပါက အားလုံးအဆင်ပြေ၊ မပြေသေချာစေရန် စစ်ဆေးမှု ခံယူသင့်သည်။

Credit  : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top