iMyanmarHouse.com - Best Property Website for Myanmar
×










မြင်ရတာ ကလေးဆန်သည့် လေ့ကျင့်ခန်းမျိုး ဖြစ်ချင် ဖြစ်နေလိမ့်မည်။ သို့သော် တစ်နေ့ နှစ်မိနစ်လောက် ကလေးလို ခုန်ပေါက်ခြင်းသည် သက်ကြီးပိုင်းများအဖို့ အရိုးသန်မာစေသည့် အကျိုးကိုတော့ ကျိန်းသေပေါက်ရကြောင်း သုတေသန တစ်ရပ်က ဆိုလိုက်သည်။

တစ်နေ့ နှစ်မိနစ် ခုန်ပေါက်သည့် လေ့ကျင့်ခန်းလုပ်သော သက်ကြီးပိုင်းများသည် မလုပ်သူများနှင့်စာလျှင် အရိုးပိုကျစ်သလို၊ ချော်လဲပြီး အရိုးကျိုးနှုန်းလည်း နည်းသွားကြောင်း သုတေသီများက ပြောသည်။ ဗြိတိန်နိုင်ငံ လောင်းဘိုရို တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဆာရာ အဲလိဆင်နှင့် အဖွဲ့သည် အသက် (၆၅) မှ (၈၀) ကြား အမျိုးသား (၃၄) ဦးကို တစ်နေ့ နှစ်မိနစ်နှုန်း ခုန်ပေါက်ခိုင်းကာ တစ်နှစ်ကြာ စောင့်ကြည့် မှတ်တမ်းတင်ခဲ့သည်။ တစ်နေ့ နှစ်မိနစ် ခုန်ပေါက်ရုံကလွဲပြီး ကျန်သည့် နေထိုင်မှု ပုံစံများကို နေမြဲပြုမြဲအတိုင်း နေစေ ပြုစေသည်။

တစ်နှစ်ပြည့်သည့်အခါ ထိုသူများ၏  အရိုးသိပ်သည်းဆသည် ခုန်ပေါက်လေ့ကျင့်ခန်း မလုပ်သူများထက် (၇) ရာခိုင်နှုန်းလောက် ပိုများလာကြောင်း တွေ့ရှိခဲ့ရသည်။ အထူးသဖြင့် သက်ကြီးပိုင်းများ ချော်လဲလျှင် အများဆုံး ကျိုးတတ်သည့် တင်ပါးဆုံရိုး နေရာသည် အရိုးသိပ်သည်းဆ ပိုများလာသဖြင့် ခုန်ပေါက်သူများသည် အခြားသူများနဲ့ယှဉ်ပါက ချော်လဲလျှင် တင်ပါးဆုံရိုး ကျိုးနိုင်ခြေ သိသိသာသာ နည်းသွားကြောင်း ဒေါက်တာ အဲလိဆင်က ပြောသည်။

Credit : messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top