iMyanmarHouse.com - Best Property Website for Myanmar
×











တခြားကယ်လိုရီ ပါဝင်တဲ့ အစားအသောက်တွေ ဘယ်လောက်ပဲစားစား၊ ဆားကို အလွန်အကျွံ ထည့်စားခြင်းက အ၀လွန်ခြင်းကို အစပျိုးပေးတဲ့အရာ ဖြစ်နိုင်ပါတယ်။ တစ်နေ့ တာ လိုအပ်ချက်ထက် ပိုစားမိတဲ့ ဆားဂရမ်တိုင်းက အ၀လွန်မှုဖြစ်နိုင်ခြေ၂၅ ရာခိုင်နှုန်း မြင့်တက်စေနိုင်ပါတယ်။

ဆား အလွန်အကျွံစားသုံးမှုဟာ သွေးပေါင်ချိန်တက်ခြင်းနဲ့  ဆက်စပ်လျက်ရှိပြီး နှလုံးရောဂါဖြစ်နိုင်ကြောင်း သိကြပြီးဖြစ်ပါတယ်။ ဒါပေမယ့် ယခုလေ့လာတွေ့ ရှိချက်အရ အ၀လွန်ခြင်းနဲ့ ဆား စားသုံးမှုဟာ တိုက်ရိုက်ဆက်စပ်နေကြောင်း သိရပါတယ်။ ကလေးငယ်ပေါင်း ၄၅၀ နဲ့ လူငယ်လူရွယ် ၇၈၀ ကျော်ကို ဗြိတိန်အမျိုးသား အစားအသောက်နဲ့ အာဟာရ စစ်တမ်းကောက်ယူအဖွဲ့ က စစ်တမ်းကောက်ယူခဲ့တဲ့အချက်အလက်တွေကို အသုံးပြုပြီး ကျွမ်းကျင်ပညာရှင်တွေက လေ့လာခဲ့တာဖြစ်ပါတယ်။

ပညာရှင်တွေဟာ ဆီးနမူနာတွေကို လေ့လာခဲ့ပြီး တစ်နေ့ လေးနပ်စားတဲ့ လူတွေရဲ့ ကယ်လိုရီပမာဏကို တွက်ချက်ခဲ့ရာမှာ အ၀လွန်သူတွေရဲ့ ဆီးအတွင်း ဆားဓာတ်ပါဝင်မှုဟာ တခြားလူတွေထက် များပြားနေတာ ကို တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။ ဆား အပို တစ်ဂရမ်စားတဲ့လူတိုင်းဟာ အ၀လွန်နိုင်ခြေ ၂၅ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

“ ကျွန်တော်တို့ စားတဲ့အစားအသောက်တွေကို ထုတ်လုပ်တဲ့လုပ်ငန်းတွေက ဆား၊အဆီနဲ့ သကြား တွေ ထပ်ပေါင်းထည့်ထားတာကြောင့် ဒီအစားအသောက်တွေက ကျွန်တော်တို့ ကျန်းမာရေးမကောင်းရခြင်းရဲ့ အဓိကတရားခံဖြစ်ပါတယ်။ သွေးပေါင်ချိန်တက်မှုနဲ့ အ၀လွန်ခြင်းကနေ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါ၊ လေသင်တုန်းနဲ့ နှလုံးဖောက်မှု၊နှလုံးခုန်မမှန်မှုတွေကို ဖြစ်စေနိုင်ပါတယ်”။ “ အ၀လွန်ခြင်းဟာ ဆီးချိုအမျိုးအစား ၂ ရောဂါကို ဖြစ်စေနိုင်ပြီး ဆီးချိုကနေ နောက်ဆက်တွဲ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါ နဲ့ တခြား ဆိုးရွားတဲ့ ရောဂါသစ်တွေ ထပ်တိုးလာနိုင်တယ်” လို့ ဆေးပညာ ပါမောက္ခ MacGregor က ရှင်းပြပါတယ်။

တစ်နေ့ ကို ဆား ခြောက်ဂရမ်ထက် ပိုမစားသင့်ပေမယ့် ကျွန်တော်တို့ ဟာ ပျှမ်းမျှ တစ်နေ့ ကို ၈ ဂရမ်လောက် စားနေကြတယ်လို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top