iMyanmarHouse.com - Best Property Website for Myanmar
×










“ဒီနေ့ လုပ်ရကိုင်ရတာ သိပ်အဆင်မပြေဘူး ညကအိပ်ရေးမဝဘူး” ဆိုတဲ့စကားမျိုးကို သင်ကိုယ်တိုင်လဲ ပြောဖူးသလို အခြားသူတွေပြောဖူးတာလဲသင်ခဏခဏ ကြားဖူးမှာပါ။တစ်ခါတစ်လေ ၆နာရီကျော်ကျော်လောက် အိပ်ရတာတောင် အိပ်ရေးမဝဘူးလို့ သင်ထင်နေတတ်ပါတယ်။ဒါဟာ ဘာလို့လဲဆိုတော့ သင့်ရဲ့ပုံမှန်အိပ်ချိန်ကို အနည်းဆုံး၈နာရီရှိသင့်တယ်လို့ သင်မှတ်ထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ သုတေသန လုပ်ခဲ့မှုအရတော့ လူတွေဟာတစ်ညကို ၆.၅ ကနေ ရ.၄နာရီအထိ အိပ်ရင် အိပ်ချိန်လုံလုံလောက်လောက် ရှိတယ်လို့ ဆိုပါတယ်။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်အိပ်ချိန် လိုအပ်မှုခြင်း မတူညီကြပါဘူး။တစ်ချို့လူတွေက ၄၊၅နာရီအိပ်တာနဲ့တင် အိပ်ရေးဝတတ်ပြီး တစ်ချို့လူတွေကျတော့ ၈နာရီလောက် အိပ်တာတောင် အိပ်ရေးက မဝချင်ပါဘူး။

ကလေးတွေက ၉နာရီ ကနေ ၁၀နာရီ
လူငယ်တွေက ရနာရီကနေ ၈နာရီ
လူလတ်ပိုင်းတွေက ၆နာရီကနေ ရနာရီ
လူကြီးတွေကတော့ ၅နာရီကနေ ၆နာရီ စသည်ဖြင့်လိုအပ်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ အိပ်ချိန်လိုအပ်မှုတွေက လျော့ကျသွားတတ်ပါတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ ၆နာရီအိပ်တာနဲ့ တင် လုံလောက်မှုရှိပါတယ်။ အိပ်ချိန်လိုအပ်ချက်ဟာ အလေ့အကျင့်နဲ့လည်းဆိုင်ပါတယ်။ အမြဲတမ်း ၈နာရီအိပ်နေကျ လူတစ်ယောက်ရဲ့ အိပ်ချိန်ကို ၆နာရီကို ချက်ချင်းပြောင်းဖို့ မလွယ်ကူပါဘူး။ ဒါဆိုရင် ဘယ်လိုပြောင်းမလဲ ။

နည်းနည်းချင်းစီလျှော့ပြီးပြောင်းနိုင်ပါတယ်။ ပထမတစ်ပတ်လုံးကိုရနာရီ၄၅မိနစ်ပဲအိပ်ပါ။ ၁၅မိနစ်လျှော့လိုက်တဲ့အတွက်အိပ်ရေးမဝတာ၊ မူးတာဝေတာတွေလည်ဖြစ်မှာမဟုတ်ပါဘူး။နောက်တစ်ပတ်မှာ ရနာရီ ၃၀ပဲ အိပ်ပါ။ ဒီလို တစ်ပတ် တစ်ပတ် ၁၅မိနစ်စီလျှော့အိပ်ပြီး နောက်ဆုံး လိုအပ်ချက်ဖြစ်တဲ့ ၆နာရီ ပဲအိပ်ချိန် ရှိတဲ့ အထိသွားပါ။ အဲ့ဒီအချိန်မှာ အရင်က ၈နာရီအိပ်မှ အိပ်ရေးဝပါတယ် ဆိုတဲ့လူဟာ ၆နာရီတည်းနဲ့ အိပ်ရေးဝနေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

Credit : Ayesay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top