iMyanmarHouse.com - Best Property Website for Myanmar
×










မနက် ၁၀ နာရီမထိုးခင် အလုပ်ဆင်းရတာဟာ ကြီးစွာသော ဆင်းရဲဒုက္ခတစ်ခုဖြစ်ပြီး ၀န်ထမ်းတွေကို ကျန်းမာရေး ဆိုးရွားစေကြောင်း Oxford တက္ကသိုလ်က ပရော်ဖက်ဆာတစ်ဦးက ပြောကြားခဲ့ပါတယ်။

ကျွန်တော်တို့  ခန္ဓာကိုယ်ဟာ ‘body clock’ လို့ ခေါ်တဲ့ ဇီဝနရီစည်းချက်အတိုင်း လုပ်ဆောင်တာဖြစ်ပြီး ဒီ ဇီဝနရီ စည်းချက်ကြောင့် နေ့ တစ်နေ့ ရဲ့နှောင်းပိုင်း မရောက်ခင်အထိ လူတွေဟာ အာရုံစိုက်ဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။“ ဒါဟာ တကယ်ကြီးမားတဲ့လူ့ အဖွဲ့ အစည်းပြဿနာတစ်ခုပါ။ အသက် ၅၅ နှစ်အောက် ၀န်ထမ်းတွေဟာ မနက် ၁၀ နာရီမှ စတင် အလုပ်ဆင်းသင့်ပါတယ်” လို့ Dr Paul Kelly က ပြောပြခဲ့ပါတယ်။“ ၀န်ထမ်းတွေဟာ အမြဲတမ်း အိပ်ရေးမ၀ဖြစ်နေတာကြောင့် ကျွန်တော်တို့ ဟာ အိပ်ရေးမ၀တဲ့ လူ့ အဖွဲ့ အစည်းကြီးကို ပိုင်ဆိုင်ထားရပါတယ်” ။

ဇီဝနရီဟာ အသက်အရွယ်နဲ့ အလိုက်ပြောင်းလဲမှုရှိပြီး ဆယ်ကျော်သက်လူငယ်တွေဟာ နေ့ တစ်နေ့ ကို နောက်ကျမှ စသင့်တယ်လို့ ဆိုပါတယ်။ မနက်ကိုးနာရီအမီ အိပ်ရာထ၊အလုပ်သွား၊ကျောင်းသွားလုပ်မှု ကြောင့် အသက် ၅၅ နှစ်မတိုင်ခင် လူငယ်လူရွယ်တွေရဲ့ ခန္ဓာကိုယ်ရဲ့ဇီဝစည်းချက်ပျက်ယွင်းကာ ဆီးချို၊ စိတ်ကစဥ့်ကလျားရောဂါတွေ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။

“ သင့်ရဲ့အသည်းနဲ့ နှလုံးမှာ ဘယ်အချိန် အလုပ်လုပ်မယ်၊ဘယ်အချိန်နားမယ် ဆိုပြီး မတူညီတဲ့ ဇီဝစည်းချက်တွေရှိပါတယ်။ ဇီဝစည်းချက်ကို နှစ်နာရီ၊သုံးနာရီလောက် ရွှေ့ ပစ်လိုက်တာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါဟာ နိုင်ငံတကာမှာကြုံတွေ့ နေရတဲ့ ပြဿနာတစ်ခုပါ။ လူတွေဟာ မဖြစ်သင့်ဘဲ ခံစားနေရပါတယ်” လို့  ပရော်ဖက်ဆာ Kelly က ပြောကြားခဲ့ပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top