iMyanmarHouse.com - Best Property Website for Myanmar
×








ကမ္ဘာတစ်ဝှမ်းမှ သိပ္ပံပညာရှင်တွေဟာ လူ့ခန္ဓာကိုယ်မှာ နနွင်းရဲ့ ထိရောက်တဲ့ အကျိုးသက်ရောက်မှုကို အသိအမှတ်ပြုပီး ပုံမှန်သောက်သုံးဖို့ အကြံပြုထားပါတယ်။ နနွင်းနို့ဖျော်ရည်အတွက် လိုအပ်တဲ့ အရာတွေကတော့

အရည်ပျစ်ပျစ်အတွက်

နနွင်းလက်ဖက်ရည်ဇွန်း (၄) ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ရေ (၁၂၀) မီလီလီတာ

နို့အတွက်

နို့ (၂၅၀) မီလီလီတာ၊ ဆီလက်ဖက်ရည်ဇွန်းနဲ့ တစ်ဝက်၊ နနွင်းပျစ်ရည် လက်ဖက်ရည်ဇွန်း ၄ပုံ ၁ ပုံ နဲ့ အရသာကောင်းမွန်ဖို့အတွက် ပျားရည်အနည်းငယ်

ဖော်စပ်နည်း

ပါဝင်ပစ္စည်းအားလုံး အိုးတစ်လုံးထဲ ထည့်ပေါင်းပြီး မီးပျော့ပျော့လေးနဲ့ အပူပေးပါ။ ရောသမမွှေပြီးနောက် အိုးကို မီးပေါ်မှ ပြန်ထုတ်ပြီး ဖန်ခရားတစ်ခုထဲ ထည့်ပါ။ အဲဒီခရားကို အေးနေအောင် ရေခဲသေတ္တာထဲ ထည့်သိမ်းရပါမယ်။ အဲဒီအရည် ပျစ်ပျစ်လေး အေးခဲလာရင် နို့နဲ့ဆီနဲ့ ပေါင်းထည့်ပြီး အဲဒီ အရောအနှောကို ပူလာအောင် မီးပျော့ပျော့လေးပေါ် တင်ပြီး ရေစိုအမှတ် မရောက်ခင်လေးအထိ ထားကျိုရပါမယ်။ ထို့နောက် မီးပေါ်မှ ပြန်ထုတ်ပါ။ ဆန္ဒရှိပါက ပျားရည်ပေါင်းထည့်နိုင်တယ်။

အသုံးပြုပုံ

ယင်းရလာတဲ့အရည်ကို အစာအိမ်ဗလာဖြစ်တဲ့အချိန်မှာ သောက်ဖို့ အကြံပြုထားပါတယ်။ မနက်စောစောနဲ့ ညအိပ်ရာ မဝင်ခင်ဆို ပိုကောင်းပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top