iMyanmarHouse.com - Best Property Website for Myanmar
×











အယ်ဇိုင်းမား လူနာများတွင် ရောဂါခုခံရေး ပုံစံတမျိုးဖြစ်သည့် resveratrol ခေါ် သဘာဝ ခုခံရေးစနစ်၏ ထိရောက်မှုကို လေ့လာခဲ့ရာတွင် သုတေသီများက ထိုကွန်ပေါင်းဓာတ်သည် ရောဂါကို တိုက်ဖျက်ရေးတွင် အရေးပါသည့် ဇီဝဓာတ်ပေါင်းတစ်မျိုး ဖြစ်နိုင်ကြောင်း ဆိုလိုက်သည်။

        အာရုံကြော ပညာရပ် ဆိုင်ရာ ဂျာနယ် Neurology တွင်ပုံနှိပ်ဖေါ်ပြခဲ့သည့် ထိုသုတေသနတွင် လူနာပေါင်း (၁၁၉) ဦးကို လေ့လာခဲ့ပြီး ထိုလူနာများမှာ အယ်ဇိုင်မား ရောဂါ အနုစားသို့မဟုတ် အလယ်အလတ် အဆင့်နှင့် တစ်နှစ်ခန့် ရောဂါသက်တမ်း ရှိသော လူနာများ ဖြစ်ကြသည်။ လူနာများမှ တစ်ဝက်ခန့်ကို ရိုးရိုးဆေးများ တိုက်ကာ စမ်းသပ်ခဲ့ပြီးနောက် အခြားတစ်ဝက်ခန့်ကို resveratrol ဖြင့်စမ်းသပ်ခဲ့သည်။ resveratrol  ဆိုသည်မှာ သဘာဝအတိုင်း အစားအစာများ ဖြစ်သည့် စပျစ်သီးများ ၊ ချောကလတ်များ ၊ မြေပဲနှင့် ၀ိုင်နီတို့တွင် တွေ့ရလေ့ရှိသော ဓာတ်ပေါင်းတမျိုး ဖြစ်သည်။ သုတေသီများသည် အဆိုပါဓါတ်ပေါင်း၏ သဘာဝပုံစံ စစ်စစ်ကို လေ့လာမှုတွင် သုံးခဲ့ပြီး နေ့စဉ် ၀ိုင်နီပုလင်း တစ်ထောင်နှင့် ညီမျှသည့် ဓာတ်ပေါင်းပမာဏကို စမ်းသပ်ခံ လူနာများအား ပေးခဲ့ခြင်းဖြစ်သည်။

          ရလဒ်များအရ တစ်နှစ်တာခန့် ဆေးအတုအဖြစ် သကြားသာပါသည့် ဆေးလုံးများ ပေးခဲ့သော လူနာများမှာ ၎င်းတို့သွေးနှင့် အရိုးအဆစ်ဆီ များတွင်ရှိသည့် amy-loid-beta40 (Abeta40) ဓါတ်လျော့နည်း လာသည်ကိုတွေ့ရပြီး resveratrol  ဓါတ်ပေါင်းဖြင့် ကုသမှုပေးသည့် လူနာများမှာ ၎င်းတို့၏ Abeta40 အဆင့်များ ပြောင်းလဲခြင်း မရှိသည်ကို တွေ့ရကြောင်း ဆိုသည်။ သုတေသနကို ဦးဆောင်ခဲ့သည့် ဂျော့ခ်ျတောင်း တက္ကသိုလ်မှ ပညာရှင် ဒေါက်တာအာရ်၊ စကော့တ် တာနာက Abeta40 ကျဆင်းမှုမှာ အယ်ဇိုင်းမား လူနာများတွင် မေ့လျော့တတ်မှု ဆိုးလာသည့်အခါ ဖြစ်လာကြောင်း ဆိုသည်။ ““ဒီလေ့လာမှုကနေ resveratrol ကုသမှုဟာ အကျိုးအမြတ် ဖြစ်စေတယ်လို့တော့ ကောက်ချက်ဆွဲလို့ မရသေးပါဘူး ။ ဒါပေမဲ့ resveratrol ဟာ သွေးနဲ့ဦးနှောက် အရံအတားကို ထိုးဖေါက်နိုင်စွမ်း ရှိတယ် ဆိုတာကိုတော့ ဖော်ပြခဲ့ပါတယ်””ဟု ၎င်းကဆိုသည်။

          ပညာရှင် တန်နာက resveratrol သည် အယ်ဇိုင်းမား ရောဂါကုသည့် အခြားဆေးများနှင့် ကွဲပြားပြီး ထိုဓါတ်ပေါင်းတွင် သွယ်ဝိုက်သည့် နည်းဖြင့် ပရိုတိန်းများ ပေးနိုင်ကြောင်း ဆိုသည်။ သို့သော် ၎င်းက ယခုရှာတွေ့မှုမှာ ဆက်လက် လေ့လာရန် လိုနေဆဲဖြစ်ကြောင်း ဆိုသည်။

Credit:Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top