iMyanmarHouse.com - Best Property Website for Myanmar
×









( ၁ ) မူးနေသည့်အချိန်များတွင် မိမိမလှသော်ငြား သူတို့အမြင် လှသည်ဟု ထင်မြင်နေတတ်ခြင်း ။

( ၂ ) ညနေတိုင်းဘုံဆိုင်တွင် အရှိများသဖြင့် ညနေစာကို အမြဲတမ်းတစ်ယောက်စာ လျော့ချက်ရခြင်း ။

( ၃ ) ဆေးသမားမဟုတ်သည့်အတွက် အရက်ဖိုးလေး မဆိုစလောက်မျှသာ ကုန်ခြင်း ။

( ၄ ) အရေးတကြီး အလိုရှိလျှင် ရပ်ကွက်ဘုံဆိုင်ထဲ အလွယ်တကူ သွားရောက်ခေါ်နိုင်ခြင်း ။

( ၅ ) အိမ်ရှင်မများအနေဖြင့် စီးပွားရေးကို ဦးစီးလုပ်ကိုင်နိုင်ပြီး တစ်အိမ်လုံး ဝင်ငွေထွက်ငွေကို မိမိစိတ်ကြိုက်သုံးစွဲနိုင်ခြင်း ။

( ၆ ) ဖောက်ပြန်ဖို့ မပြောနှင့် မူးပြီးအိမ်ပြန်လျှင်ပင် အနိုင်နိုင်လမ်းလျှောက်ပြန်လာရခြင်း ။

( ၇ ) သူတပါးအသက်သတ်ဖို့နေနေသာသာ ကွကိုယ် အန်ဖတ်ဆို့မသေအောင်သာ ဂရုစိုက်နေရခြင်း ။

( ၈ ) တပါးသူပစ္စည်းမခိုးတဲ့အပြင် ကိုယ့်ပါလာတဲ့ပစ္စည်းများ
သာ အခိုးမခံရအောင် မေ့မကျန်အောင် အမြဲဂရုစိုက်နေခြင်း

( ၉ ) အထက်ပါအချက်များကြောင့် ပတ်ဝန်းကျင်တွင်
" အရက်ကလေးသောက်တတ်တာပါလေ ကျန်တာအကုန်ကောင်းတယ် " ဟု ချီးမွမ်းခံရပြီး ရပ်ကွက်ထဲဂုဏ်ယူနိုင်ခြင်း ။

Credit : shwemyotaw

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top