iMyanmarHouse.com - Best Property Website for Myanmar
×









Tom Stafford က သိပ္ပံပညာရှင် တစ်ဦးဖြစ်တဲ့အပြင် သိပ္ပံဘာသာရပ်ဆိုင်ရာ စာရေးဆရာတစ်ဦးလည်း ဖြစ်တဲ့ Caspar Addyman ဟာ လက်ရှိမှာ သူ ပြုလုပ်လျက်ရှိနေတဲ့ အရေးကြီး စိတ်ဝင်စားစရာကောင်းတဲ့ သုတေသနပြုချက်တချို့ကို တုံ့ပြန်ပြောဆိုထားပါတယ်။ ဘာက ကလေးတွေကို ရယ်မောစေသလဲ။ ဘာကြောင့် ဒါအရေးကြီး ကိစ္စဖြစ်နေရလဲ ဆိုတာတွေပေါ့။

ယခုအချိန်ထိ Addyman ရှာဖွေတွေ့ရှိထားတာတွေက… ကလေးတွေဟာ (၆) ပတ်ခန့် ရှိလာတဲ့အချိန်မှာ ပြုံးတတ်ပြီး ပထမဦးဆုံး သူတို့ရဲ့တခစ်ခစ် ရယ်မောတာ ပျှမ်းမျှအနေနဲ့ (၃) လခွဲအရွယ်လောက်မှာ စတင်ဖြစ်ပေါ်ပါတယ်။ သူတို့ ရယ်မောရတဲ့နံပါတ် (၁) အကြောင်းအရင်းက ကလိထိုးလို့ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာ တူတူရေဝါး ကစားနည်း ရှိနေလို့ဖြစ်တယ်။ နို့စို့ကလေးများအကြောင်းလေ့လာကာ၊ ကလေးမိဘများ ဆီမှာ ဖြစ်စဉ်ဖြစ်ရပ်တွေ စုဆောင်းပြီးနောက် Addyman အနေနဲ့ ကလေးတွေ ဘာ့ကြောင့် ရယ်မောရလဲဆိုတဲ့ အဓိကအကြောင်းအရင်းတစ်ခုကို အမှတ်မထင် သိရှိခဲ့ကြောင်း ယူဆခဲ့တယ်။ အဲဒါတွေအားလုံးဟာ လူမှုဘဝထဲ ဝင်ရောက်ဖို့ သင်ယူနေခြင်းသာ ဖြစ်တယ်။

Stafford ရှင်းပြချက်ပေးထားတာက…        
အရေးကြီးအချက်က ယင်းစစ်တမ်းမှတုံ့ပြန်ပြောဆိုမှုမှာ တခစ်ခစ်ရယ်မောတဲ့အချိန်ကစပြီး ကလေးတွေဟာ တခြားလူများနဲ့ သူတို့ လုပ်ဆောင်တဲ့အရာကြောင့် ရယ်မောကြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ခန္ဓာကိုယ် ကလိထိုးခံရရုံနဲ့ မရယ်ပါဘူး။ တစ်စုံတစ်ခု ပေါ်လိုက်ပျောက်လိုက်ဖြစ်ရုံနဲ့လည်း မလုံလောက်သေးဘူး။ လူကြီးကနေ အဲဒါလိုဖြစ်အောင် လုပ်ပေးတဲ့အခါမှသာ ရယ်စရာဖြစ်စေတာပါ။ ဒီအချက်က ကလေးတွေ လမ်းလျှောက်၊ စကားမပြောမီ လူမှုဘဝထဲဝင်ရောက်နေပြီဆိုတာ ပြပါတယ်။ ကလေးတစ်ယောက်ကို ကလိထိုးပါက တခစ်ခစ်ရယ်မောလာပါလိမ့်မယ်။ ဒါ သူတို့ ကလိခံရခြင်းကြောင်း သက်သက် မဟုတ်လို့ ဆိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top