iMyanmarHouse.com - Best Property Website for Myanmar
×














ဆေးလိပ်သောက်တာ လှပနေတဲ့ မျက်နှာကို အကြီးအကျယ် စုတ်ပြတ်သတ်စေပါတယ်။ အဲဒါမှ သောက်ချင်နေသေးရင်တော့ အောက်မှာဖော်ပြထားတဲ့ ဒီအချက်တွေနဲ့ ကျိန်းသေ ရင်ဆိုင်ရမှာပါ။

၁။ မျက်စိအောက် မျက်ပျဉ်းဖြစ်ပေါ်ခြင်း

၂။ ကြမ်းထော်တဲ့ အနီပိမ့်များထတဲ့ အရေပြားရာဂါ
ဒါကို ဆေးလိပ်မသောက်ဘူး ဆိုရင်တောင် ရနိုင်တဲ့ ကိုယ်ခံအားနဲ့ ဆက်စပ်တဲ့ အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်ရင် အန္တရာယ်က ပို ဖြစ်ပါတယ်။

၃။ သွားတွေပျက်စီးခြင်း
နီကိုတင်းက သွားတွေကို စွန်းထင်းစေပါတယ်။ နောက်ပြီး ဆေးလိပ်သောက်တာ ပါးစပ်ကင်ဆာနဲ့ သွားဖုံးရောဂါဖြစ်စေကာ သွားတွေ ဆုံးရှုံးစေပါတယ်။

၎။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းနဲ့ အသားအရေ တွန့်ရှုံ့ခြင်း
အပေါ်နှုတ်ခမ်းတွေကို ဆေးလိပ်သမားများရဲ့ အရစ်ကြောင်းလို့ လူသိများပါတယ်။

၅။ လက်ချောင်းများ ဝါကြန့်ကြန့်ဖြစ်ခြင်း
ဆေးလိပ်မီးခိုးငွေ့ထဲက ဆေးချေးဟာ လက်ချောင်းတွေပေါ် စုပြီး အစွန်းအထင်းဖြစ်စေတယ်။

၆။ ဆံပင်ပျက်စီးစေ
ဆေးလိပ်သောက်သူတွေ ဆံပင်ပိုပါးလာပြီး စောစောဖြူကြတယ်။ ဆေးလိပ်သောက်သူ အမျိုးသားတွေမှာ ဆံပင်နှစ်ဆ ကျွတ်နိုင်ခြေရှိပါတယ်။

၇။ အမာရွတ်များ
ပိုမိုကြီးမားပြီး နီမြန်းတဲ့အမာရွတ်ရှိတတ်ပြီး အရေပြားမှာ အနာတော်တော်နဲ့မပျောက်ပါ။

၈။ နုပျိုမှုတွေ ပျောက်ဆုံးသွားခြင်း
ငယ်ရွယ်နုပျိုတဲ့ အသားအရေကို ဆုံးရှုံးတယ်။

၉။ အရေးအကြာင်းများထင်ခြင်း
နီကိုတင်းက အမျှင်ဓာတ်များနဲ့ အရေပြားတစ်ရှူးများ ပျက်စီးစေကာ အရေပြားဆန့်ချေကျုံ့ချေဖြစ်စေနိုင်တဲ့သတ္တိ ကုန်ခမ်းစေပါတယ်။

၁၀။ မျက်စိအတွင်းတိမ်ခြင်း
ဆေးလိပ်သောက်တာ မျက်စိအတွင်းတိမ်အန္တရာယ် တိုးမြင့်စေပါတယ်။

ဆေးလိပ်သောက်လို့ ဘာအကျိုးအမြတ်မှ မရှိပါဘူး။ ကျန်းမာရေး၊ ဦးနှောက်မှတ်ဥာဏ်နဲ့ အမြင်အာရုံတွေအတွက်လည်း အကျိုးမရှိပါဘူး။ မြန်မြန် ဖြတ်လေ၊ မိမိခန္ဓာကိုယ် ကြည့်ကောင်းအောင် ရေရှည်ထိန်းသိမ်းနိုင်လေဖြစ်ပါတယ်။ အားလုံးလည်း ပိုအဆင်ပြေလာပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top