iMyanmarHouse.com - Best Property Website for Myanmar
×










လူတိုင်းလိုလို ခံစားဖူးတဲ့ ဝမ်းချုပ်ခြင်းကြောင့် ကိုယ်ခန္ဓာ မအီမသာဖြစ်ခြင်းကို ခံစားရကြပါတယ်။ ဝမ်းချုပ်တဲ့အခါ ခြောက်သွေ့တဲ့ ဝမ်းသွားခြင်းကြောင့် ဝမ်းလမ်းကြောင်း သွေးယိုနာကျင်မှု နဲ့ အဆိုးဆုံးဖြစ်တဲ့ လေပွလေထရောဂါပါ စွဲကပ်စေနိုင်ပါတယ်။

အူအလေ့အထ ပုံမှန်ဖြစ်အောင် ပြုလုပ်နိုင်မယ့် နည်လမ်းကောင်းကို ရှာဖွေကြည့်တဲ့အခါ ဝမ်းချုပ်တတ်တဲ့ သူတစ်ယောက်ဟာ

…နေ့စဉ် ရေ (သို့) အချိုရည် အမျိုးမျိုးကို များများသောက်သုံးရပါမယ်…

… ငှက်ပျောသီး၊ ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ ဆီးသီးနဲ့ ဟင်းနုနယ်၊ မုန်လာဥနီလို ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ ကောက်နှံ တွေထဲမှာလည်း အမျှင်ဓာတ် ပါဝင်မှုများတဲ့အတွက် ထမင်းစားတိုင်း ထည့်စားပေးပါ…

… ဝမ်းချုပ်တဲ့သူဟာ ပီဇာ၊ ရေခဲမုန့်၊ အသား၊ အာလူးချောင်းကြော်နဲ့ အဆင်သင့်မုန့်တွေမှာ အမျှင်ဓာတ်ပါဝင်မှုနည်းတဲ့အတွက် လျှော့စားဖို့ လိုပါတယ်…

… ပုံမှန်ဝမ်းသွားတတ်တဲ့အချိန်ရောက်တိုင်း အိမ်သာထဲသွားပါ။ ဝမ်းသွားချင်စိတ်ကို နှိုးဆော်ပေးပါတယ်…

… မှီဝဲနေရတဲ့ ဆေးဝါးတွေကြောင့်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးပြီး ညွှန်းကြားချက်အတိုင်းသာ သောက်သုံးဖို့ အသင့်လျော်ဆုံးပါ…။



Credit : ပိုပိုဇော်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top