လန်ဒန်ဓာတ်ပုံပြပွဲမှာ ရောင်းချခဲ့တဲ့ ဂျိုလီရဲ့ ငယ်ရွယ်စဉ်အလှဓာတ်ပုံများ
အမေရိကန်မင်းသမီး အန်ဂျလီနာဂျိုလီ၏ အသက် (၂၀)အရွယ်က ရိုက်ထားသော ရှားရှား ပါးပါးဝတ်လစ်စားလစ်ဓာတ်ပုံ များကို လန်ဒန်မြို့ ဓာတ်ပုံပြပွဲ တွင် ပေါင် ၁,၈၀၀ ဖြင့် ရောင်းချ လိုက်သည်။
အဖြူ၊ အမည်းရိုက်ကူးထား သော ယင်းဓာတ်ပုံများကို ဓာတ် ပုံဆရာကိတ်ဂါနာက ၁၉၉၅ အတွင်း ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး လန်ဒန်မြို့ ဇီဘရာဝမ်းဓာတ်ပုံပြ ပွဲ၌ ရောင်းချလိုက်ခြင်းဖြစ်ကာအန်ဂျလီနာဂျိုလီ၏ ခြေချင်းဝတ် များကို ဖဲပြားဖြင့်ချည်နှောင်၍ ထိုင်နေသည့်ပုံပါဝင်သည်။
မျက်နှာတစ်ပြင်လုံး မိတ် ကပ်လိမ်းခြယ်ထားခြင်းနှင့်အတူ နှုတ်ခမ်းနီထင်းထင်းဆိုးထားပြီး ရုပ်သွင်မှာ မှတ်မိရန်လွယ်ကူ သည်။နောက်ထပ်ဓာတ်ပုံတစ်ပုံ မှာ ကင်မရာကို စိုက်ကြည့်နေ သည့် မျက်နှာပုံကို အနီးကပ်ရိုက် ထားသောပုံဖြစ်သည်။
ထိုအတောအတွင်း ရုပ်ရှင် ဒါရိုက်တာအဖြစ် လုပ်ကိုင်နေ သည်မှာ နှစ်များစွာကြာပြီဖြစ် သည့် အန်ဂျလီနာဂျိုလီနှင့် ခင်ပွန်း ဘရက်ပစ်တို့ ပါဝင်သရုပ်ဆောင်ထားသော အချစ်ဒရာမာဇာတ် ကား By The Sea မှာ ဆုရရန် တစ်ပေးခံထားရသည်။
By The Sea ဇာတ်ကားမှာ ၂၀၀၅ ကထွက်ရှိသော Mr and Mrs Smith ဇာတ်ကားပြီးနောက် ဘရက်ပစ်နှင့် အန်ဂျလီနာဂျိုလီ တို့တွဲဖက်သရုပ်ဆောင်သော ပထမဆုံးဇာတ်ကားဖြစ်သည်။
Credit : 7day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...