iMyanmarHouse.com - Best Property Website for Myanmar
×











ချစ်သူစုံတွဲဘဝမှာ အစပိုင်း ဘယ်လောက်ချစ်ကြချစ်ကြ ကိစ္စမရှိပါ။ နောက်တော့ အဲဒီအချစ်တွေ လျော့နည်း မှေးမှိန်လာပြီး အကျွမ်းတဝင်ဖြစ်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်။ဘာပဲဖြစ်ဖြစ် ဒါ မကောင်းတဲ့ အချက်တစ်ခုတော့ မဟုတ်ပါဘူး။ နှစ်ဦးအတူ နှစ်ရှည်ကြာပေါင်းသင်း ဆက်ဆံလာတဲ့အခါ တစ်ဦးနဲ့ တစ်ဦး နေသားကျလာပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့အယောက် ဟုတ်နေကြပြီလို့ မမှတ်ယူလိုက်ပါနဲ့။ သေချာအောင်ပြောရရင် မိမိတို့ ချစ်သူစုံတွဲဘဝကို ပွန်းပဲ့စေမယ့် အရာတွေ လက်မခံပါနဲ့။

ချစ်သူစုံတွဲဘဝမှာ အကွဲတပြဲဖြစ်စေနိုင်တဲ့ အကြီးမားဆုံး အချက်တွေထဲက တစ်ခုမှာ စိတ်ဖိစီးမှုဖြစ်ပါတယ်။ ဘဝမှာ စိတ်ဖိစီးမှုက ပုံစံမျိုးစုံနဲ့ သူ့ဖာသာသူ ဝင်ရောက်လာတတ်ပါတယ်။ မိမိကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး တခြားသူများနဲ့ ပေါင်းသင်းဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ မိမိဖိစီးမှုခံနေရပြီဆိုတာ သတိရပြီး အဲဒါကို ကိုင်သွယ်ဖြေရှင်းပါ။ လူတိုင်း စိတ်ဖိစီးမှုနဲ့ တစ်မျိုးမဟုတ် နောက်တစ်မျိုး ရင်ဆိုင်နေကြပြီး တစ်ဦးတယောက်အတွက် အဆင်ပြေတဲ့အရာက တခြားသူတစ်ယောက်အတွက် အလုပ်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဘာပဲရွေးချယ် ချဉ်းကပ် မိမိနဲ့ မိမိလက်တွဲဖော်ကြား ရင်းနှီးမှု ပိုမိုတိုးတက်ကောင်းမှုဖို့ သေချာစေပါဖို့ လိုပါတယ်။

များသောအားဖြင့် လက်တွဲဖော်တစ်ဦးက လူမှုဘဝမှာ တက်တက်ကြွကြွ ပိုဖြစ်တဲ့အခါ နှစ်ကိုယ်ကြား သဘောထားကွဲလွဲမှု ဖြစ်စေနိုင်တယ်။ ဒီနေရာမှာ ဆိုလိုရင်းက ညှိနှိုင်းဖို့ နဲ့ မိမိလူမှုဘဝ သို့မဟုတ် ချစ်သူချင်းဆက်ဆံရေး ဘာက ပိုအရေးကြီးလဲ မိမိကိုယ်မိမိ မေးခွန်းထုတ်ရမှာဖြစ်တယ်။

ငြင်းခုံမှုတွေကို မပြီးမပြတ် တန်းလန်းကြီး မထားပါနဲ့။ ရင်ထဲ သိမ်းထားမယ့်အစား ပြီးအောင်သာ ငြင်းခုံပါ။ အခြေအနေ ပိုပိုဆိုးလာပြီး မိမိအချစ်ရေးကို ပြင်းထန်စွာ ထိခိုက်စေတဲ့အချိန်ထိ ရင်ထဲ သိုသိုသိပ်သိပ် သိမ်းထားမယ့်အစား ရှင်းထုတ်လိုက်တာ ပိုကောင်းပါတယ်။

မိမိကိုယ် မိမိယုံကြည်မှုနည်းခြင်းက ချစ်သူစုံတွဲ ဆက်ဆံရေးတွေမှာ ပြင်းထန်စွာ ယိမ်းယိုင်မှုဖြစ်စေနိုင်တဲ့ နောက်ခံစားချက် တစ်ခုဖြစ်ပါတယ်။ မိမိလက်တွဲဖော်ကို အေးအေးဆေးဆေး ထိုင်နေစေပြီး ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုမှုတွေ လုပ်ပါ။  စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေ မေးမြန်းပြီး နှစ်ဦးအတူ အဖြေပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top