လမ်းလျှောက်ခြင်းက သင့်ကို အစဉ်နုပျိုစေနိုင်ပြီး သင့်သက်တမ်းကို ၇ နှစ် ထပ်ပေါင်းပေးနိုင်
ဥရောပနှလုံးရောဂါကုထုံးဆိုင်ရာအသင်း (ESC) ညီလာခံကို တင်သွင်းခဲ့တဲ့ လေ့လာမှုတစ်ခုမှာ တစ်နေ့ ကို ပုံမှန်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးရင် နှလုံးဖောက်နိုင်ခြေ တစ်ဝက်တိတိလျော့ကျသွားကြောင်း ဖော်ပြခဲ့ပါတယ်။
“ ကျွန်တော်တို့ ဟာ ဘယ်တော့မှ အိုမင်းခြင်းကို ရှောင်ရှားနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် နှောင့်နှေးအောင်တော့ လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့  အသက် ၇၀ လောက်မှာ ပိုမို နုပျိုတဲ့ ရုပ်ရည် ကို ပိုင်ဆိုင်နိုင်သလို အသက် ၉၀ လောက်အထိ အသက်ရှင်နေနိုင်ပါတယ်” လို့ အဆိုပါ လေ့လာမှုပရောဂျက်ကို လုပ်ဆောင်ခဲ့သူ ပါမောက္ခ Sanjay Sharma က ပြောကြားပါတယ်။
“ လေ့ကျင့်ခန်းပြုလုပ်ခြင်းက အသက် ၃ နှစ်ကနေ ၇ နှစ်အထိ ပိုရှည်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းဟာ စိတ်ကျမှုကို တိုက်ဖျက်ပေးတဲ့ဆေးပါပဲ။ မှတ်ဥာဏ်စွမ်းရည်လည်းကောင်းမွန်ပြီး dementia ခေါ် ဦးနှောက် ထိခိုက် ချို့ ယွင်းမှုကြောင့် စိတ်ဖောက်ပြန်မှုရောဂါ စတင်ဖြစ်ပွားမှုကိုလည်း ဟန့် တားပေးနိုင်ကြောင်း အခုအခါ သက်သေအထောက်အထားတွေရှိနေပြီဖြစ်ပါတယ်။”
“ နှလုံးကျန်းမာရေးမကောင်းတဲ့လူတွေအနေနဲ့ တော့ မပြေးသင့်ပါဘူး။ ဒါပေမယ့် အမောမဆို့ သေးဘဲ စကားပြောနိုင်သေးတဲ့အချိန်အထိ လမ်းလျှောက်ပေးသင့်ပါတယ်”အသံ တိတ် လူသတ်သမားလို့  နာမည်ကြီးတဲ့ atrial fibrillation (နှလုံးခုန်မူမမှန်မှု) ဖြစ်နိုင်ခြေ ကိုလည်း လေ့ကျင့်ခန်းလုပ်ပေးခြင်းက လျော့ကျစေပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...