iMyanmarHouse.com - Best Property Website for Myanmar
×










ကိုယ့်ရဲ့ချစ်သူကောင်လေးကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲပစ်ဖို့ ကြိုးစားရင် သူ့ ရဲ့ အတိုက်အခံ လုပ်တာကို ကြုံတွေ့ ရဖို့ က ပိုများပါတယ်။ အခန့် မသင်ရင် သင့်ကိုတောင် ရန်လိုနေဦးမှာပါ။ ဒါပေမယ့် သူ့ ကို အပြစ်မတင်လိုက်ပါနဲ့ ။ သင်က ကောင်းစေချင်လို့ လုပ်တာမှန်ပေမယ့် သူရဲ့အခုပုံစံက ဘာများဆိုးရွားနေလို့ ခုလိုပြောင်းလဲချင်ရတာလဲဆိုပြီး သူ့ဘက်က ထင်နေတာ မို့ လို့ ပါ။ သူဟာ သူ့ ဘ၀မှာပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် ဆုံးရှုံးနစ်နာမှုတွေ အများကြီး ကြုံရလိမ့်မယ်လို့ နားလည်လက်ခံလာအောင် ကိုယ်က သူ့ ကို ဂရုစိုက်လို့ ပြောတာဖြစ်ကြောင်း သိအောင် ချိုချိုသာသာ ပြောပေးဖို့ လိုပါတယ်။ ဒီနေရာမှာ သင်သုံးနိုင်မယ့် နမူနာစကားလေး (၈) ခွန်းကို ဖော်ပြလိုက်ပါတယ်။

၁။ အလေးချိန်လျော့စေချင်တာဆိုရင်
မောင့်ကို သိပ်ချစ်လို့ ခင့်အနားမှာ မောင့်ကို အချိန်အကြာကြီး ရှိနေစေချင်လို့ အစား ချင့်ချိန်စားပြီး လေ့ကျင့်ခန်းလေး လုပ်ခိုင်းတာပါကွယ်။

၂။ ဆေးစစ်ဆေးမှုခံယူခိုင်းချင်တာ
အချစ်ရယ် မင်းခံစားနေရတာ မကြည့်ရက်နိုင်ပါဘူး။ ဆရာဝန်ဆီ ပြရမှာ ကြောက်တယ်ဆိုပေမယ့် အချစ်ရောဂါသာ ပျောက်သွားရင် တို့ တွေ ဒီထက် ပိုပျော်ရမှာကို တွေးကြည့်စမ်းပါကွာ။

၃။ အိမ်အလုပ် ကူလုပ်ခိုင်းချင်တာ
မောင်..တို့ က အိမ်သန့် ရှင်းရေးလုပ်ရတာ ကြိုက်တယ်။ ဒါပေမယ့် မောင်က ကျွန်မ ထက် ပိုသန်မာတာဆိုတော့ မောင်သာ ကူလုပ်မယ်ဆိုရင် မြန်မြန်ပြီးမှာ။ ပြီးတော့ မောင်က ချွေးတွေနဲ့ သိပ်ကြည့်ကောင်းတာပဲ။

၎။ သူ့ ရဲ့ မိသားစုကို အချိန်ပိုပေးစေချင်တာ
ချစ် ခုတလော အလုပ်သိပ်ရှုပ်တာပဲကွယ်။ ချစ်မိသားစုနဲ့ လည်းမတွေ့ တာကြာပြီမလား သူတို့ လွမ်းနေရောပေါ့။ ချစ်သာ သူတို့ ဆီသွားရင် သူတို့ သိပ်ပျော်မှာနော်။

၅။ ပိုကောင်းတဲ့အလုပ်ရှာစေချင်တာ
ဒီအလုပ်မှာ မောင်တော်တော်ကြာပြီနော်။ မောင့်ရာထူးက မိုက်တယ်။ လစာလည်း ကောင်းတယ်။ ဒါပေမယ့် မောင်အလုပ်လုပ်တာက အရမ်းလည်းတော်တော့ တခြား ကုမ္ပဏီမှာဆို ပိုမိုက်တဲ့ အလုပ်တစ်ခု ရနိုင်တယ်။

၆။ လူဝင်ဆံ့စေချင်တာ
မောင်ရယ် အလုပ်ကြီးဖိမလုပ်ပါနဲ့ ။ ပျော်ဖို့ အချိန်လေး ပေးပါဦး။ မောင့် သူငယ်ချင်းတွေ လာမယ့်အပတ်ထဲ ဘားအသစ်ကို သွားမှာမလား။ တို့ သာ သူတို့ နဲ့ လိုက်ရင် သူတို့ သိပ်ပျော်မှာ။

၇။ ပိုက်ဆံစုစေချင်ရင်
ရင်းနှီးမြှပ်နှံလို့ ရတဲ့ အစီအစဉ်ကောင်းတွေ အများကြီးပဲသိလား။ အချိန်အခုလောက်မှာ ထည့်ဝင်ထားမယ်ဆိုရင် နောက် ၁၀ နှစ် အနှစ် ၂၀ ဆို ဘယ်လောက်ရမလဲ တွေးကြည့်ပါလား။ မောင် စောစော အနားယူလို့ တောင်ရတယ်။

၈။ သူ့ ရဲ့ အရည်အချင်းကို ဖော်ထုတ်ပေးချင်တာ
ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု လုပ်ချင်တယ်လို့ ချစ် အမြဲပြောတယ်နော်။ ချစ် စိတ်ကူးတွေက မိုက်တယ်။ ချစ် အောင်မြင်မယ်လို့ တို့ တော့ လုံးဝယုံကြည်တယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top