iMyanmarHouse.com - Best Property Website for Myanmar
×










မိတ်ဆွေ အပေါင်းအသင်း ဦးရေနည်းပါးခြင်းကြောင့် အသက်အရွယ် ကြီးရင့်လာချိန်တွင် အထီးကျန်ဆန်မည်ကို လူအများစုက စိုးရိမ်တတ်ကြသည်။ သို့သော် အပေါင်းအသင်း နည်းခြင်းကြောင့် အထီးကျန် ပိုဆန်သွားမည် မဟုတ်ကြောင်း လေ့လာမှုတစ်ခုက ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။

ကျောင်းသား လေးသိန်း၏ မိတ်ဆွေဖြစ်မှု သဘောကို လေ့လာခဲ့ရာ ကျောင်းသားများ၏ ရင်းနှီးသော မိတ်ဆွေဦးရေသည် လွန်ခဲ့သော (၂၅) နှစ် အတွင်း လျော့ကျ သွားခဲ့သော်လည်း ၎င်းကျောင်းသားများသည် ပိုပြီး အထီးကျန်လာသည်ကို မတွေ့ရှိခဲ့ရချေ။

ခေတ်သစ် နည်းပညာနှင့် လူမှုမီဒီယာများမှ တစ်ဆင့် ဆက်သွယ်မှုကို ပိုမိုပြုလုပ်လာမှုများကြောင့် မျက်နှာချင်းဆိုင် ဆက်ဆံမှုများ နည်းပါးသွားကာ အထီးကျန်ဆန် လာခဲ့ရကြောင်း စိတ်ပညာရှင်များက ယခင်က ယူဆခဲ့ကြသည်။

ယခုသုတေသနကို သြစတြေးလျနိုင်ငံ ကွင်းစ်လန် တက္ကသိုလ်မှ စိတ်ပညာရှင်များက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ ၁၉၇၈ မှ ၂၀၀၉ ခုနှစ်အတွင်း အမေရိကန် ကောလိပ် ကျောင်းသားများကြား အထီးကျန်ဆန်မှု လျော့ကျသွားကြောင်း သုတေသနတွင် ဖော်ပြထားသည်။

လူများသည် မိသားစုအပေါ် မှီခိုမှု ပိုမိုနည်းပါးလာပြီး ကျွမ်းကျင်မှု အရည်အသွေးများ အပေါ် ပိုမိုအားကိုးလာခဲ့ရာ အချိန်ကြာလာသည်နှင့် အမျှ ဘ၀သာယာဖြောင့်ဖြူးရေး အတွက် အခြားသူကို အားကိုးရန် မဖြစ်နိုင်ဘဲ ကိုယ့်အားကိုယ်ကိုးမှသာ ဖြစ်မည်ဟု ယူဆလာခဲ့ကြကြောင်း ကွင်းစ်လန် တက္ကသိုလ်မှ လေ့လာမှုကို ဦးဆောင်ခဲ့သည့် ဒေါက်တာ ဒေးဗစ်က လာ့ခ်က ပြောဆိုခဲ့သည်။ အထီးကျန်ဆန်မှု လျော့ကျလာခြင်းမှာ ခေတ်မီလာမှုနှင့်လည်း ဆိုင်ကြောင်း သူကပြောသည်။ 

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top