iMyanmarHouse.com - Best Property Website for Myanmar
×










သင်နဲ့သင့်ချစ်သူ နှစ်ဦး အတူလည်း ရှိရမယ်။ အတူရှိချိန်မှာလည်း ရိုမန်တစ်ဆန်ဆန်လေးနဲ့ ခန္ဓာကိုယ်အဆီကျအောင် ပြုမူလုပ်ဆောင်နိုင်မယ်ဆို ဒါဘယ်လောက်ကောင်းပါသလဲ။ အဲ့ဒီလိုဖြစ်ဖို့ GYM အတူဆော့နေသလို အခြား ရိုမန်တစ်ဖြစ်တဲ့ နည်းလေးတွေ ဝေမျှပေးချင်ပါတယ်။

၁။ အကသင်တန်း အတူတက်ပါ။
ကရတာ ပျော်စရာကောင်းပါတယ်။ ချစ်သူနှစ်ဦးအတူကရတာ ပိုလို့တောင် ပျော်စရာကောင်းသေးတယ်။ ရိုမန်တစ်လည်းဖြစ်ပါတယ်။ ကဲ ပြီးတော့ ၀ိတ်လည်းကျဦးမယ်။ ဘယ်လောက်မိုက်သလဲ။

၂။ကားရေအတူဆေးပါ။
ကိုယ့်ချစ်သူ ကားဆေးတဲ့အချိန်တိုင်း သင်က သွားကူညီပေးလိုက်ပါ။ ဒါဆိုရင် နှစ်ယောက်အတူ ကားသန့်ရှင်းရေးလုပ်ရင်း ဆော့လို့လည်းရတယ်။ ပျော်စရာလည်း သိပ်ကောင်းတာပေါ့။

၃။စွန်လွှတ်ပါ။
နှစ်ဦးသား ဒိတ်လုပ်တဲ့အချိန် ဒီတိုင်း ထိုင်နေတာထက်စာရင် စွန်လွှတ်ကြည့်ပါ။ ဒါ ၀ိတ်ကျစေတယ်ဆိုတာ မယုံမရှိပါနဲ့။

၎။အခန်းကို ဆေးသုတ်ပါ။
သင့်အခန်းကို တစ်ခုခု ပြောင်းလဲချင်တယ်။ ပြင်ဆင်ချင်တယ်ဆိုရင် အခန်းကာလာပြောင်းဖို့ စဉ်းစားသင့်ပါတယ်။ ဒီလိုဆိုရင် ဆေးသုတ်သမားတွေကို ခေါ်သုတ်ခိုင်းမယ့်အစား ကိုယ်တိုင်သုတ်ပါ။ ချစ်သူကိုလည်း အကူအညီ တောင်းကြည့်လိုက်ပါ။

၅။ကားမောင့်မယ့်အစား စက်ဘီးစီးပါ။
သင်နဲ့နီးနီးနားနား စက်ဘီးစီးလို့ရမယ့် နေရာမျိုးတွေမှာ နှစ်ယောက်သား စက်ဘီးအတူစီးပေးခြင်းဟာ ရိုမန်တစ်ဆန်ဆန်လေး ဖြစ်သလို ၀ိတ်လည်းကျစေပါတယ်။

၆။အချိုပွဲတစ်ပွဲကို ဝေမျှစားပါ။
ထမင်းစားပြီးလို့၊ ညစာစားပြီးလို့ အချိုပွဲစားတဲ့အခါ တစ်ယောက်တစ်ပွဲစားတာထက် ချစ်သူနှစ်ဦး တစ်ပွဲကို နှစ်ယောက်အတူစားတာက ပိုကောင်းပါတယ်။ အဆီလည်း မတက်တော့ဘူး။

၇။ထမင်းစားပြီးရင် အနီးအနား အတူ လမ်းလျှောက်ပါ။
နှစ်ယောက်သား ညစာစားပြီးတဲ့အချိန် ရုပ်ရှင်ကြည့်မယ်။ တစ်နေရာမှာ ကြာရှည်စွာ ထိုင်နေတာထက်စာရင် နှစ်ယောက်အတူ လမ်းလျှောက်ထွက်တာ တကယ်ကို ကောင်းမွန်သင့်တော်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top