သင့်ကလေးငယ်ရဲ့ ဥာဏ်ရည်ဦးနှောက်ဖွံ့ ဖြိုးစေဖို့ အစားအစာ(၁၀ )မျိုး
ကျန်းမာရေးနဲ့ ကိုက်ညီပြီး အာဟာရမျှတတဲ့ အစားအစာတွေဟာ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်အတွက် ကောင်းမွန်ရုံသာမက ဦးနှောက်အတွက်လည်း ကောင်းမွန်စေပါတယ်။ မှန်ကန်သင့်တော်တဲ့ အစားအစာကို ကျွေးပေးမယ်ဆိုရင် သင့်ကလေးငယ်ရဲ့ ဦးနှောက်လုပ်ဆောင်မှု၊ မှတ်ဥာဏ်နဲ့ အာရုံစူးစိုက်မှုတို့ ကို တိုးတက် စေပါတယ်။ ဦးနှောက်ဟာ ခန္ဓာကိုယ်လိုပဲ ကျွန်တော်တို့ စားသုံးလိုက်တဲ့အစားအစာက အာဟာရဓာတ်တွေကို စုပ်ယူနိုင်ပါတယ်။ အောက်ဖော်ပြပါ အစားအစာ ၁၀ မျိုးဟာ သင့်ကလေးငယ်ရဲ့ ဦးနှောက်စွမ်းရည်ကို ဖွံ့ ဖြိုးတိုးတက်စေမှာဖြစ်ပါတယ်။
၁။ ဆယ်လ်မွန်ငါး
ဆယ်လ်မွန်လို အဆီဓာတ်ပြည့်ဝတဲ့ငါး တွေက ဦးနှောက်ဖွံ့ ဖြိုးမှုနဲ့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေ အတွက် လိုအပ်တဲ့ omega-3 fatty acids ဓာတ် ကြွယ်ဝပါတယ်။ fatty acid အလုံအလောက် ရရှိခြင်းက ကလေးငယ်တွေရဲ့ ဥာဏ်ရည်ပိုင်းဆိုင်ရာကို ဖွံ့ ဖြိုးစေပါတယ်။ တူနာငါး အသားညှပ်ပေါင်မုန့် အစား ဆယ်လ်မွန်ငါးအသားညှပ်ပေါင်မုန့် ကို ကျွေးပေးနိုင်ပါတယ်။
၂။ ဥများ
ကြက်ဥ၊ဘဲဥ စတဲ့ဥတွေက ပရိုတိန်းဓာတ်ကြွယ်ဝပြီး ဥအနှစ်မှာ ကိုလင်း (choline) လို့ ခေါ်တဲ့ အရေးကြီးတဲ့ ဗီတာမင်ဘီဓာတ် တစ်မျိုးပါဝင်ပြီး မှတ်ဥာဏ်ဖွံ့ ဖြိုးမှုကို အထောက်အကူပြုပေးပါတယ်။
၃။ မြေပဲထောပတ်
ကလေးတိုင်း (လူကြီးတွေပါ) မြေပဲထောပတ်ကို ကြိုက်ကြပါတယ်။ သရေစာ အစားအစာဖြစ်ပေမယ့် ဦးနှောက်အမြှေးပါးတွေကို ကာကွယ်ပေးတဲ့ ဗီတာမင်အီးဆိုတဲ့ antioxidant တစ်မျိုး ပါဝင်ပါတယ်။ ဦးနှောက် အတွက်ကောင်းမွန်တဲ့ သိုင်ယာမင်း (thiamin) ဓာတ် တစ်မျိုးပါဝင်ပြီး ဂလူးကို့ စ်လည်း ပါဝင်တာကြောင့် စွမ်းအင်ကို ပိုမိုရရှိစေပါတယ်။
၎။ အစေ့အနှံ အကြမ်း
ပြောင်နေအောင် မချွတ်ထားတဲ့ အစေ့အနှံအကြမ်း (ဥပမာ ဂျုံကရတဲ့ ပေါင်မုန့် ကြမ်းနဲ့ စီရီယယ် (cereal) လို့ ခေါ်တဲ့ ကောက်ပဲသီးနှံနဲ့ ပြုလုပ်ထားတဲ့ မနက်စာ) က ဦးနှောက်ကလိုအပ်တဲ့ စွမ်းအင်ကို အပြည့်အ၀ ပေးစွမ်းနိုင်ပြီး ဗီတာမင်ဘီ လည်းပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။
၅။ မြင်းစားဂျုံ၊ oatmeal ခေါ် ဘီစကစ်၊ကွတ်ကီးတို့ လုပ်တဲ့ အုတ်ဂျုံမှုန့် 
အုတ်ဂျုံမှုန့် က စွမ်းအင်အရင်းအမြစ်ပေါကြွယ်ဝပါတယ်။ အမျှင်ဓာတ်လည်း ပေါကြွယ်ဝတာမို့ ကလေးငယ်တွေဟာ တခြားအာဟာရမရှိတဲ့သရေစာတွေကို မစားချင်တော့လောက် အောင် ဗိုက်ပြည့်တင်းနေတတ်ပါတယ်။ ဗီတာမင်အီး၊ဘီ၊ နဲ့ ဇင့်ဓာတ်တို့ လည်း ပါဝင်တာကြောင့် ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ အကောင်းဆုံးအလုပ်လုပ်နိုင်ပါတယ်။
၆။ ဘယ်ရီသီးများ
ဘယ်ရီသီးတွေဟာ မှတ်ဥာဏ်ကိုကောင်းမွန်စေပြီး ဗီတာမင်စီနဲ့ တခြား အန်တီအောက်ဆီဒန့် စ် (ဓာတုဓာတ်တိုးပစ္စည်း)တွေ ပါဝင်ပါတယ်။ ဒီဘယ်ရီသီးက အစေ့တွေမှာတော့ အိုမီဂါ - 3 အဆီဓာတ် ပါဝင်ပြီး အထက်မှာဖော်ပြထားတဲ့အတိုင်း ဦးနှောက်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။ စတော်ဘယ်ရီ၊ ချယ်ရီ၊ ဘလူးဘယ်ရီသီး နဲ့ ဘလက်ဘယ်ရီသီးတွေကလည်း ဘယ်ရီသီးအမျိုးအနွယ် တွေဖြစ်ပြီး အရောင်ရင့်လေ အာဟာရဓာတ်ပိုပါဝင်လေပါပဲ။
၇။ ပဲအမျိုးမျိုး
ပဲအမျိုးမျိုးဟာ နှလုံးကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ပရိုတိန်း၊ ကာဗွန်ဟိုက်ဒရိတ်၊ အမျှင်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အလျှံပယ်ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့စွမ်းအင်ပမာဏအမြင့်ဆုံးကို ရစေပါတယ်။ ဘိုစားပဲ နဲ့ ပင်တိုပဲ ခေါ် အစင်းကြားတွေပါတဲ့ပဲတွေက တခြားပဲတွေထက် အိုမီဂါ-3 ပိုမိုပါဝင်တာကြောင့် ဦးစားပေးစားသင့်ပါတယ်။
၈။ ဟင်းသီးဟင်းရွက်များ
အရောင်ရင့်တဲ့ ဟင်းသီးဟင်းရွက်တွေက အန်တီအောက်စီဒန့် ပေါကြွယ်ဝဆုံးဖြစ်ပြီး ဦးနှောက်ဆဲလ် တွေကို ရှင်သန်ကျန်းမာစေပါတယ်။ သင့်ကလေးကို အဓိကကျွေးသင့်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ အာလူး၊ ကန်စွန်းဥ၊ ဖရုံသီ၊ မုန်လာဥ၊ ဒေါက်ခွတို့ ဖြစ်ပါတယ်။
၉။ နွားနို့ နဲ့ ဒိန်ချဉ်
ဦးနှောက်တစ်သျူးတွေ၊ neurotransmitters နဲ့ အန်ဇိုင်းတွေ ကြီးထွားစေဖို့ အတွက် ဗီတာမင်ဗီဓာတ်တွေကို အဓိကလိုအပ်ပါတယ်။ နို့ ထွက်ပစ္စည်းတွေဟာ ဒီအာဟာရဓာတ်တွေ ပေါကြွယ်ဝပြီး အဆီထုတ်ထားတဲ့နွားနို့ ဒါမှမဟုတ် ဒိန်ချဉ်က ဦးနှောက်အတွက်လိုအပ်တဲ့ ပရိုတိန်းနဲ့ ကာဗွန်ဟိုက်ဒရိတ်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဗီတာမင်ဒီဓာတ်ပါ ပါဝင်တဲ့အတွက် ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ ဖြိုးမှုကို ကောင်းမွန်စေပါတယ်။
၁၀။ အဆီနည်းတဲ့အမဲသား
အဆီနည်းတဲ့အမဲသားဟာ သံဓာတ်အလျှံပယ်ပါဝင်ပြီး ကလေးငယ်တွေရဲ့ စွမ်းအင်ကို ဖြည့်ဆည်းပေးကာ ကျောင်းမှာ အာရုံစိုက်နိုင်အောင် စွမ်းဆောင်ပေးပါတယ်။ မှတ်ဥာဏ်အတွက်ကောင်းမွန်တဲ့ ဇင့်ဓာတ်လည်း ပါဝင်ပါတယ်။ အသားမစားတဲ့ သားသတ်လွတ်ကလေးငယ်တွေအတွက် လိုအပ်တဲ့ သံဓာတ်ကိုတော့ ပဲပုပ်နဲ့ မတ်ပဲကနေ ရရှိနိုင်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...