iMyanmarHouse.com - Best Property Website for Myanmar
×










လူငယ်များ အတွက် စစ ချင်း အလုပ် ၀င်ဝင်ခြင်း လုပ်ငန်းခွင်မှာ အနေ အထိုင် မတတ် ဖြစ်တတ်ပါတယ်… အခု ရေးသား မဲ့ အချက်များကတော့ လူငယ်များ အတွက် ပထမဆုံး အလုပ်မှာ မည်ကဲ့ သို့ ပြုမူနေထိုင်ရမည် ရေးသားထားပါတယ်…. ကိုယ့်ရဲ့ လုပ်ငန်းခွင်ပေါ်မူတည်ပြီး ကျင့်သုံးသွားရမှာပါ.. အားလုံးကို ကျင့်သုံးရမယ်လို့ မဆိုလိုပါ…. ကိုယ့် ရဲ့  boss/manger ရဲ့  သဘောထားပေါ်မူတည်ပြီး ကျင့်သုံးရမှာပါ… (တစ်ချို့ အလေ့အကျင့်များကတော့ အထက်ကို ဖားလွန်းတယ်လို့ သဘောသက်ရောက်ကောင်းရောက်ပါလိမ့်မယ်…. အလုပ်တိုင်းအတွက် မဆိုလိုပါ… ကာလံဒေသံ ပေါ်မူတည်ပြီး ကျင့်သုံးရပါမယ်)

၁။ မိမိရဲ့ အထက်လူကြီး မရောက်ခင် အလုပ်သို့ ကြိုရောက်နေပါစေ။ နာရီဝက်လောက်ကြိုရောက်ယင် ပိုကောင်းပါတယ်… ရုံးဆင်းယင်လဲ အထက်လူကြီး မဆင်းခင် မဆင်းမိပါစေနဲ့ …. (အရမ်း အစွန်း ရောက်လွန်းတယ်လို့ ထင်ပါလိမ့်မယ်….. ဒါပေမယ့် တစ်ခါတစ်ရံ မှာ ဒီလို အပြုအမူလေးတွေက အရမ်းကို အရေးကြီးလှပါတယ်)

၂။ သင့် ရဲ့ အထက်လူကြီးက သင့်အား အစည်းအဝေးတက်ဖို့ ခေါ်ပါက သင့် လက်ထဲမှာ စာရွက် ၁ ရွက် (အနည်းဆုံး) နဲ့  ဘောပင် တစ်ချောင်းပါပါစေ။ အနည်းဆုံး အစည်းအဝေးခန်းထဲသို့ ၁၀ မိနစ်လောက်ကြို ရောက်ပါစေ။

၃။ အစည်းအဝေး တက်နေစဉ်အတွင်း ဖုန်းကို အသုံးပြုခြင်း မပြုလုပ်သင့်ပေ။ ဖုန်းကို silent လုပ်ထားသင့်ပါတယ်…. အထူးသဖြင့် စားပွဲအောက်မှာ ဖုန်းကို ကစားနေခြင်း အသုံးပြုနေခြင်းမျိုး လုံးဝမလုပ်သင့်ပါ…. အဲ့ဒီအချိန်မှာ  သင့် ရဲ့ အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက် တွေ ကို မစော်ကားမိစေဖို့ ထက် ပိုပြီး အရေးကြီးတာ မရှိပါ.

၎။ အစည်းအဝေးခန်းထဲ သို့ မညွန်ကြားခံရပဲ လက်တော့ကွန်ပြူတာမယူခဲ့ပါနဲ့ …. အစည်းအဝေး ပြောကြားချက်တွေ လိုက်မှတ်ဖို့ ဆိုတဲ့ ဆင်ခြေကို မပေးပါနဲ့ …စာရွက်နဲ့ ခဲတံယူလာတာက ပိုပြီး professional ပြီသပါတယ်…

၅။ လုပ်ငန်းခွင်အတွင်း ဘယ်တော့ မှ တခြားသူ အကြောင်း အတင်း၊မကောင်း မပြောမိပါစေနဲ့ …

၆။ အလုပ်မှ ကျင်းပသော အရေးကြီး ညစာစားပွဲများ…အထူးသဖြင့် အရေးကြီးသော မိတ်ဖက် အဖွဲ့ များနှင့် ယှဉ်တွဲ စားသောက်ပွဲများတွင် ဘယ်တော့ မှ အရက် မသောက်မိပါစေနဲ့ ..အရက်အကောင်းစားများ ဘယ်လောက်တည်ခင်း ထားထား သတိရှိပါစေ…. သောက်ချင်လွန်းလျှင် လူအများ သတိပြုလောက် စရာဖြစ်အောင် မသောက်မိပါစေနဲ့ ….Boss အချင်းချင်း power ပြိုင်နေတဲ့ ပွဲတွင် ကိုယ်က ကိုယ့် boss အရှက်ရစရာ လုပ်တတ်ပါတယ်..

၇။ ဘယ်တော့ မှ မခိုးပါနဲ့ …မလိမ်မိပါစေနဲ့ …(ဒီလို ပြောတဲ့ အတွက် အရမ်း ရိုင်းလွန်းရာကျယင် ကျပါမယ်)…. တစ်ခါတစ်ရံ ခွင့်ရက်လေးကို လိမ်မိတာမျိုး….ခိုးမိတာမျိုး ..အဲ့လို အသေးလေး တွေက အစ မလုပ်မိပါစေနဲ့ …

၈။ အကယ်လို့ မေးခွန်း မေးခံရပါက သေချာ နားထောင်ပြီး သတိရှိစွာပြန်ဖြေပါ…. ကိုယ့်ကိုကို ကာကွယ်ပြီး အတင်းအကျပ် ငြင်းမိတာမျိုးကို ရှောင်ရှားပါ….. အကယ်လို့ ကိုယ့်ကို ခိုင်းထားတာ တစ်ခုခု မပြီးသေးပါက လည်း မပြီးသေးတဲ့ အကြောင်းကို ပွင်းလင်းစွာဝန်ခံပါ… ဆင်ခြေပေးဖို့ မစဉ်းစားပါနဲ့ ….

၉။ သတင်းဆိုး တစ်ခုကို အထက်လူကြီးမသိအောင် မကွယ်ဝှက်ထားပါနဲ့ ….. (လူတော်တော်များများက သတင်းဆိုးကို လူကြီးကို ပြောမိယင် အပြစ်ပေးခံရနိုင်တယ်..စိတ်ကွက်ခံရနိုင်တယ်လို့ ထင်တတ်ပါတယ်)….အဲ့လို မဟုတ်ပါဘူး… အဲ့လို ပေးပို့ မိလို့ အချိန်မှီ အဖြစ်မှန်ကို သိပြီး အချိန်မှီကုစားနိုင်မှာ ဖြစ်တတ်အတွက် မိမိ ကို တောင် ကျေးဇူးတင် အသိပြုခံရပါမယ်..

၁၀။ မိမိမလုပ်တတ်သေးတော့ ဆောင်ရွက် ဖွယ်ရာ တစ်ခုကို တာဝန်ပေးခံရပါက မိမိ မှာ ကြိုးစားနိုင်စွမ်း ရှိအောင်၊ လေ့လာနိုင်စွမ်းရှိအောင် ပြင်ဆင်ထားပါ… ဘယ်လို လုပ်ရမယ် ဆိုတာ မေးမြန်းနိုင်မယ့် သူ တွေကို သိအောင်လုပ်ထားပါ…ဘယ်မှာ ရှာလို့ ရမယ်ဆိုတာကို သိအောင် လုပ်ထားရပါမယ်…

Jason Calacanis ရဲ့ How to behave at work- a primer for your first day on the job မှ ကောက်နှုတ် ဘာသာပြန်ထားပါတယ်…

လုပ်ငန်းခွင်မှာ အောင်မြင်နိုင်ကြပါစေ။

Credit : ကိုဟိန်း (Prospect Myanmar)

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top