iMyanmarHouse.com - Best Property Website for Myanmar
×










သင်ဟာ သင့်ချစ်သူ ကောင်လေးနဲ့ ဒိတ်လုပ်တာ သိပ်မကြာသေးဘူးဆိုရင် တစ်ယောက်အကြောင်း တစ်ယောက်သိအောင် ကြိုးစားနေကြရတဲ့အချိန်ပေါ့။ ဒီလိုအချိန်မျိုးမှာ သင့်ချစ်သူကောင်လေးကို ပြောရမယ့် စကားလုံးတွေဟာ သူ့ကို သင့်နားရောက်လာဖို့ ဆွဲယူတဲ့စကားလုံးတွေ မဟုတ်ပဲ အဝေးကို တွန်းပို့တဲ့ စကားတွေ မဖြစ်အောင် သတိထားသင့်ပါတယ်။ အမျိုးသားအများစုဟာ အစောပိုင်း ဒိတ်လုပ်ကြတဲ့ရက်တွေမှာ သူတို့ ကောင်မလေးတွေက ဒီလိုစကားမျိုးတွေ ကြားရတဲ့အခါ စိတ်ပျက်စိတ်လေ သွားတတ်ကြပါတယ်။ အဲ့ဒီစကားလုံးတွေကတော့

၁။ သင့်ရည်းစားဟောင်းအကြောင်း
နှစ်ယောက်ကြား ပြောစရာမရှိရင်တောင် သင့်ရည်းစားဟောင်းအကြောင်းတော့ သင့်လက်ရှိတွဲနေတဲ့ ကောင်လေးကို သွားမပြောမိပါစေနဲ့။ သူက ပြုံးပြုံးလေးနဲ့ နားထောင်ပေးနေပေမယ့် သူ့စိတ်ထဲမှာတော့ တော်တော်လေး သင့်ကို စိတ်ပျက်နေပါပြီ။ ဒါ့အပြင် အရင်တစ်ယောက်ကို မမေ့နိုင်သေးပါလားဆိုတဲ့ အတွေးမျိုးလည်း ရှိသွားနိုင်ပါတယ်။

၂။ သင်ဝတ်တဲ့ အ၀တ်အစား brand နဲ့ သင်ကိုင်တဲ့ အိတ်တွေအကြောင်း
သင်ဟာ ဘယ်လို brand အမိုက်စားတွေသာ သုံးတယ်ဆိုတဲ့အကြောင်း တစ်ဖွဲ့တစ်နွဲ့ပြောနေတာမျိုးတွေကိုလည်း သူုတို့ နားထောင်ပေးနေရင်တောင် အောင့်သီးအောင့်သက်ပါပဲ။

၃။ မေးခွန်းတွေ တရစပ်မေးခြင်း
ဘယ်တုန်းက ဘယ်သူနဲ့ သိပြီး ကြိုက်တာလဲ။ ဘယ်လောက်ကြာလဲ။ တစ်နေ့တစ်နေ့ ဘာတွေလုပ်လဲ စသဖြင့် ခရေစေ့တွင်းကျ မေးခွန်းတွေလိုက်မေးနေတတ်တဲ့ ချစ်သူကို ဘယ်သူကများ စိတ်ရှည်ပါ့မလဲနော်။

၎။တစ်နေ့စာ စိတ်ပျက်စရာတွေချည်း စုပြောခြင်း
အလုပ်မှာ၊ ကျောင်းမှာ ဘာလိုစိတ်ပျက်စရာတွေ ကြုံရတယ်။ ဘယ်သူနဲ့တော့ အဆင်မပြေဘူး။ ဘာကိုတော့ဖြင့် မလုပ်ချင်တော့ဘူး စတဲ့ စိတ်ပျက်စရာအကြောင်းအရာတွေချည်း သူနဲ့တွေ့တိုင်း ပြောနေတာမျိုးကလည်း သင့်ကိုသူ စိတ်ပျက်သွားစေပါလိမ့်မယ်။

၅။တွဲတာမကြာသေးခင် ကိုယ့်ကိုဘယ်တော့လောက် လက်ထပ်မလဲဆိုတာမျိုး မေးမြန်းခြင်း
သူနဲ့တွဲတာ တစ်ပတ်လောက်မှာ ရှိသေးတာကို သင်က သင့်ကိုဘယ်တော့လောက် လက်ထပ်ဖို့ မှန်းထားသလဲဆိုတာမျိုး သွားမေးမယ်ဆိုရင် တစ်ဖက်လူအတွက် ဒီအဖြေကိုဖြေဖို့ တွန့်ဆုတ်သွားမှာသေချာသလို သင့်ကို ဆက်တွဲဖို့တောင် စဉ်းစားသွားနိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top