iMyanmarHouse.com - Best Property Website for Myanmar
×













ကိုယ့်ကိုယ်ကိုယ် ဝနေပြီလို့တွေးမိတာနဲ့တစ်ပြိုင်နက် အလွယ်စာတွေအစားများတာနဲ့ လေ့ကျင့်ခန်းမလုပ်မိတဲ့အကြောင်းတွေကို အလိုအလျောက်အပြစ်ဖို့မိတတ်ပါတယ်။ သို့သော်လည်းပဲ သုတေသနပြုချက် အသစ်တစ်ခုမှာဆိုထားတာက ဝလာခြင်းရဲ့ ရိုးရှင်းတဲ့အကြောင်းရင်းကတော့ ကိုယ်အလေးချိန်တက်နေပြီ ဆိုတဲ့ ကိုယ့်အတွေးအထင်ကြောင့်သာဖြစ်တယ်လို့ သိရပါ တယ်။

အသက် (၂၃)နှစ်နဲ့ (၄၅)နှစ်ကြား လူပေါင်း ၁၄,၀၀၀ လောက်ကို လေ့လာခဲ့ရာမှာ အမျိုးသမီးတွေဟာ အပြင်မှာ တကယ်တမ်း မဝပေမယ့် စိတ်ထဲမှာ ဝတယ်လို့ ထင်ရာကစပြီး တဖြည်းဖြည်း ကိုယ်အလေးချိန်တွေတက်လာတာကို တွေ့ရှိခဲ့ ပါတယ်။

ကိုယ်အလေးချိန်နဲ့ပတ်သက်လို့ မစဉ်းစားခင်က စားချင် တဲ့အစားအစာကို ခန္ဓာကိုယ်အတွက် လိုအပ်သလောက်ပဲစား တာကို ပုံမှန်လုပ်လေ့ရှိကြပေမယ့် တခြားသူတွေနဲ့ယှဉ်ပြီး ဝနေတယ်လို့ ခံစားလာတဲ့အခါ ဝိတ်ကျဖို့ အရေးတွေ တွေးလာပါ တော့တယ်။ အဲဒီကစလို့ အစားအသောက်စားနည်းတွေ၊ ဝိတ်ချနည်းတွေကို ပိုအလေးထားလာကာ စိတ်ဖိစီးမှုတွေဖြစ်လာ ရာကနေ အစားပိုစားလာအောင်လုပ်သလိုဖြစ်လာပါတယ်။

ဒီတော့ ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး ဝမလာချင်ဘူးဆိုရင်တော့အခုကစလို့ဝနေပြီဆိုတဲ့ အတွေးကိုဖျောက်ပြီး စိတ်ချမ်းသာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားဖို့လိုပါတယ်။ စိတ်ထဲရှင်းသွားပြီ ဆိုတာနဲ့ ခန္ဓာကိုယ်က သူ့အလိုအလျောက်အတိုင်း မှန်ကန်စွာ စားသောက်နေထိုင်ဖို့ အခြေအနေတွေကို ပြောင်းလဲပေးသွား မှာပါ။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top