iMyanmarHouse.com - Best Property Website for Myanmar
×










အသက် ၆၀ ကျော်အရွယ်လူကြီးတွေမှာ ဗီတာမင်ဒီဓာတ် ချို့ တဲ့နည်းပါးခြင်းဟာ အသက်ကြီးလာတဲ့ အမျှကြုံတွေ့ ရတဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ဆုံးရှုံးမှုကို သုံးဆပိုမြန်ဆန်စေနိုင်ပါတယ်။

အသက် ၆၀ ကျော် အမျိုးသား၊အမျိုးသမီးပေါင်း ၃၈၂ ယောက်ကို ရှစ်နှစ်ကြာ လေ့လာခဲ့ရာမှာ အများစု ၆၁ ရာခိုင်နှုန်းဟာ သွေးတွင်းမှာ ဗီတာမင်ဒီဓာတ်ချို့ တဲ့နေတာကို တွေ့ ရှိခဲ့ရပါတယ်။“ ဒီလေ့လာမှုမှာ ဗီတာမင် ဓာတ်နည်းပါးနေတဲ့လူတစ်ချို့ ကတော့ စိတ်အသိဥာဏ်ပိုင်းဆိုင်ရာ၊မှတ်ဥာဏ်ပိုင်းမှာ ကျငဆင်းမှုမရှိတာကိုလည်း တွေ့ မြင်ခဲ့ရသလို ဗီတာမင်ဒီဓာတ် လုံလုံလောက်လောက် ရှိတဲ့လူတစ်ချို့ မှာလည်း ကျဆင်းမှုမြန်တာကို တွေ့ ရှိခဲ့ရပါတယ်။

ဒါပေမယ့် ပျှမ်းမျှတွက်ကြည်မယ်ဆိုရင် ဗီတာမင်ဒီဓာတ် နည်းပါးတဲ့လူကြီးတွေဟာ ဗီတာမင်ဒီလုံလောက်တဲ့ လူကြီးတွေထက် စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကျဆင်းမှုက နှစ်ဆကနေ သုံးဆအထိ ပိုမြန်ဆန်ပါတယ်” လို့  လေ့လာမှုကိုဦးဆောင်ခဲ့သူ Rutgers တက္ကသိုလ်ပါမောက္ခ Joshua Miller က ပြောကြားခဲ့ပါတယ်။ ဗီတာမင်ဒီဟာ နေရောင်ခြည်နဲ့ ထိတွေ့ မှုကနေ အရေပြားတွင်းမှာ အများဆုံးဖြစ်ပေါ်ပြီး တစ်ချို့  အစားအသောက်တွေကနေလည်း ဗီတာမင်ဒီဓာတ်ရနိုင်ပါတယ်။

ဗီတာမင်ဒီဓာတ်ဟာ ကျန်းမာသန်စွမ်းတဲ့အရိုးတွေရဖို့ အတွက် အဓိကလိုအပ်သလို အာရုံကြော၊ကြွက်သား လုပ်ဆောင်မှု၊ ဆဲလ်ကြီးထွားမှု၊ ကိုယ်ခံအားစနစ်နဲ့  ကိုယ်လက်ကိုက်ခဲရောင်ရမ်းခြင်းကို တိုက်ဖျက်တဲ့နေရာတွေမှာလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

အသက် ၆၀ ကျော်လူကြီးတွေဟာ ဗီတာမင်ဒီချို့ တဲ့မှုကြောင့် စိတ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ စိတ်ဖောက်ပြန်မှုနဲ့ အယ်လ်ဇိုင်းမားရောဂါတွေ မခံစားရအောင်လို့ ဆရာဝန်နဲ့ တိုင်ပင်ကာ ဗီတာမင်ဒီဖြည့်စွက်ဆေးတွေကို မှီဝဲသင့်ကြောင့် ပရော်ဖက်ဆာ Miller က တိုက်တွန်းပြောကြားခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top