iMyanmarHouse.com - Best Property Website for Myanmar
×














အနုပညာအလုပ်များ ပြန်လည်လုပ်ကိုင်ရန် အစီအစဉ် ရှိသော်လည်း လတ်တလောတွင် သားဖြစ်သူမှာ ငယ်ရွယ်လွန်းနေ သေးသောကြောင့် လုပ်ဖြစ်ဦး မည်မဟုတ်ကြောင်း အိန္ဒြာကျော် ဇင်က ပြောသည်။

‘‘မျှော်နေကြတဲ့ ပရိသတ် တွေအတွက်သာ ပြန်လုပ်ဖို့စဉ်း စားတာ။ ကိုယ့်စိတ်နဲ့ဆိုရင်တော့ ဒီလောက်ကြီး စိတ်မရှိတော့ဘူး။ အဲဒါကြောင့် ပရိသတ်တွေကို လောလောဆယ်တော့ နားလည် ပေးပါ၊ ခွင့်လွှတ်ပေးပါလို့ပြော ချင်ပါတယ်’’ဟု ၎င်းက ပြော သည်။

ဒုတိယကိုယ်ဝန်ရှိနေသော ကြောင့် မရိုက်ကူးဖြစ်ခဲ့သည့် ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးမည့် ဇာတ်ကားအတွက်ပြန်လည်ကမ်းလှမ်းမှုများရှိနေသော်လည်း ၎င်းဘက်မှရိုက်ကူးမည့်အချိန်ကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။

‘‘လောလောဆယ် ကလေး က ငယ်နေသေးတော့ ရိုက်လို့မရ သေးဘူး’’ဟု အိန္ဒြာကျော်ဇင်က ပြောသည်။
ဒုတိယရင်သွေးလေးသုံးလ ပြည့်ချိန်တွင် နာမည်အတည် တကျပေးမည်ဖြစ်ပြီး လက်ရှိတွင် နာမည်ကိုစဉ်းစားနေဆဲဖြစ်သည် ဟု ၎င်းက ဆိုသည်။

‘‘သားသားက နှစ်လခွဲကို အကြီးကြီးပဲ။ အရမ်းနို့စွဲတယ်။ အစားပုပ်တဲ့သဘောရှိတယ်’’ဟု သားဖြစ်သူ၏အကြောင်းကို ပြော သည်။



Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top