သင့်ခြေထောက်က ပြောပြနေတဲ့ သင့်ကျန်းမာရေး
ကျွန်ုပ်တို့ ခြေထောက်တွေရဲ့ အခြေအနေကိုကြည့်ပြီး ကျန်းမာရေးပြဿနာ အများအပြားကို ခန့် မှန်း နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ရောဂါကို အချိန်မီသိရှိထားတာက သင့်အတွက် ကောင်းကျိုး ဖြစ်စေမှာပါ။
၁။ ခြေမအရွယ်အစားကြီးမားလာခြင်း
ဂေါက်ဖြစ်နိုင်ပါတယ်။ ဂေါက်ဟာ သွေးထဲမှာ ယူရစ်အက်ဆစ် (uric acid) များခြင်းကြောင့် အဆစ်မှာ ယူရစ်အက်ဆစ်ခဲတွေ စုပုံလာခြင်းကြောင့် ဖြစ်တယ်။ ကိုယ်အလေးချိန်များခြင်း၊ တစ်ချို့ သောဆေးဝါးတွေ နဲ့ ပရိုတိန်းပါဝင်မှုမြင့်မားတဲ့ အစားအသောက်တွေကြောင့် ဂေါက် ဆိုတဲ့ အဆစ်ရောင်ရောဂါဖြစ်နိုင်သလို မျိုးရိုးလိုက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဂေါက်ရောဂါခံစားရတဲ့လူအများစုမှာ ပထမဆုံးကြုံတွေ့ ရတဲ့ လက္ခဏာကတော့ ခြေမ နီမြန်း ရောင်ရမ်းခြင်းပါ။
၂။ အေးစက်နေတဲ့ခြေထောက်
သိုင်းရွိုက်ဟော်မုန်းနည်းပါးမှုရောဂါ (Hypothyroidism) ဖြစ်နိုင်တယ်။ သိုင်းရွိုက်ဂလင်း အလုပ်ကောင်းမွန်စွာမလုပ်မှုကြောင့်ဖြစ်တယ်။ ခြေထောက်အေးစက်ခြင်းက ခြေဖျားသွေးလျှောက်နည်း ရောဂါ (Raynaud’s disease) ရဲ့ လက္ခဏာလည်းဖြစ်နိုင်တယ်။
၃။ ခြေထောက်ထုံကျင်မှု
ဆီးချိုရောဂါဖြစ်နိုင်တယ်။ ခြေထောက်တစ်ဝိုက် ထုံကျင်မှု၊ ခံစားနိုင်မှုမရှိခြင်း နဲ့ လွယ်လွယ်နဲ့ မပျောက်တဲ့ ပြည်တည်နာ တွေက ဆီးချို အမျိုးအစား (၂) ကို ဖြစ်စေနိုင်တယ်။ မကြာခဏ ခြေထောက်ထုံကျင်ခြင်းနဲ့ ခြေချောင်းတွေ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းက နာ့ဗ်ကြောပျက်စီးမှုလက္ခဏာဖြစ်နိုင်ပြီး ဆီးချို (၂) နဲ့ ဆက်စပ်မှုရှိနိုင်တယ်။
၎။ တင်းပုတ်သဏ္ဍာန်လက်သည်းခြေသည်း (Club-shaped nails)
ဘယ်နေရာကကြည့်ကြည့် ပြည့်ဖောင်းကြီးမားနေလို့ တင်းပုတ်သဏ္ဍာန်ခြေသည်းလို့ ခေါ်တာ ဖြစ်ပြီး အဆုတ် ရောဂါအခြေအနေတစ်ခုဖြစ်တယ်။ သွေးထဲမှာ အောက်စီဂျင်မပြည့်ဝလို့ ဖြစ်တယ်။ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အဆုတ်နဲ့ အူလမ်းကြောင်းရောဂါတွေ ဖြစ်နိုင်သေးတယ်။
၅။ အမွှေးအမျှင်မရှိတဲ့ ခြေချောင်းတွေ
သွေးကြောဆိုင်ရာရောဂါဖြစ်နိုင်တယ်။ ခြေချောင်းတွေမှာ အမွှေးအမျှင်မရှိခြင်းကလည်း ကျန်းမာရေး ပြဿနာတစ်ခုဖြစ်နိုင်ပါတယ်။ အဆုတ်ဟာ ခြေချောင်းလက်ချောင်းတွေ ထိ သွေးမပို့ လွှတ်နိုင်လို့ ဖြစ်နိုင်ပြီး သွေးလည်ပတ် စီးဆင်းမှုမှာ ပြဿနာရှိနေပုံရပါတယ်။
၆။ အရောင်အသွေးမရှိ၊ ပဲ့ကြွေနေတဲ့ ခြေသည်းလက်သည်း
Psoriasis ဆိုတဲ့ အနီပိမ့်တွေထတဲ့ အရေပြားရောဂါတစ်မျိုးကြောင့် ဖြစ်နိုင်တယ်။ ခြေသည်း လက်သည်းတွေ ကွာကျခြင်း၊ ရောင်ရမ်းခြင်း၊ ခြေသည်းထူခြင်း၊ အရေပြားမှာ အနီပိမ့်တွေ ထခြင်းတို့ ဖြစ်နိုင်တယ်။ လူဦးရေရဲ့ ၁-၂ ရာခိုင်နှုန်းလောက် ဒီရောဂါခံစားနေရပြီး စိတ်ဖိစီးမှု၊ သောက်သုံးတဲ့ဆေးဝါးတွေနဲ့ မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်နိုင်တယ်။
၇။ ခြေဆစ်ကိုက်ခဲခြင်း
အဆစ်ရောင် ဒူလာရောဂါဖြစ်နိုင်တယ်။ တခြားအဆစ်ရောင်ရောဂါတွေက မနက်အိပ်ရာထမှာ အဆစ်အမြစ် ကိုက်ခဲတာမျိုးတွေ ခဏကြုံရလေ့ရှိပေမယ့် ဒူလာရောဂါသည်တွေကတော့ နာကျင်မှုက တော်တော်နဲ့ ပျောက် သွားလေ့မရှိဘူး။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...