iMyanmarHouse.com - Best Property Website for Myanmar
×









ဗြိတိန်နိုင်ငံရှိ ၀န်ထမ်း လေးဦးလျှင် တစ်ဦးသည် ရာထူးမည်သည့်အခါမျှ တိုးမြှင့်မခံရဘဲ ဆယ်ဦးလျှင် တစ်ဦးသည် ရာထူး တိုးမြှင့်ခံရရန် ဆယ်စုနှစ် တစ်ခုကျော် စောင့်ဆိုင်း ခဲ့ရကြောင်း လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။

ရာထူးရာခံ တိုးမြှင့်မခံရမှုကြောင့် ၀န်ထမ်းသုံးပုံတစ်ပုံ သို့မဟုတ် ၂၉ ရာခိုင်နှုန်းသည် အလုပ်အကိုင် တိုးတက်မှုမရှိဟု ခံစားရကာ အလုပ်အကိုင် ပြောင်းလဲလေ့ ရှိသည်။ လွန်ခဲ့သော ဆယ်နှစ်အတွင်း အလုပ်မှ အနားယူခဲ့သည့် လူ(၁၅၀၀)ခန့်အား အလုပ်အကိုင် အခြေအနေနှင့် ပတ်သက်၍ မေးမြန်းပြီး လေ့လာမှုများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လူ (၁၂) ဦးလျှင် တစ်ဦးသို့မဟုတ် ရှစ်ရာခိုင်နှုန်းမှာ ၎င်းတို့ ရွေးချယ်ထားသည့် လုပ်ငန်းနယ်ပယ်သည် တိုးတက်မှုမရှိသော လုပ်ငန်းဖြစ်သည်ဟု ယူဆပြီး အလုပ်အကိုင် ပြောင်းလဲလေ့ရှိကာ လူ (၂၀) ဦးလျှင် တစ်ဦးမှာ ၎င်းတို့၏ အလုပ်အကိုင်များ ကိုမုန်းတီးနေကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် အလုပ်လုပ်ရာတွင် ပျော်ရွှင်ရသည့် အကြောင်းအရင်း များကိုလည်း သုတေသနလုပ်ရင်း တွေ့ရှိခဲ့သည်။ ကုမ္ပဏီအတွက် အရေးပါသူအဖြစ် ယူဆပါက ၎င်းနှင့် လုပ်ဖော်ကိုင်ဖက် များအား သူငယ်ချင်း များအဖြစ် ယူဆပါက အလုပ်လုပ်ရာတွင် ပျော်ရွှင်လေ့ ရှိကြောင်း လေ့လာ သိရှိခဲ့ရ သည်။

ထို့ပြင် အထက်အရာရှိများနှင့် ဆက်ဆံရာတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ လိုအပ်ကြောင်းကိုလည်း လေ့လာမှုက တိုက်တွန်း ထားသည်။ အငြိမ်းစား ငါးပုံတစ်ပုံကျော် သို့မဟုတ်(၂၂)ရာခိုင်နှုန်းက လူငယ်များ ကိုယ့်ကိုယ်ကိုယ် ရာထူးတိုးဖို့ ထိုက်တန်သူ အဖြစ်ယူဆပါက ရာထူးတိုးပေးရန် အထက်အရာရှိအား တောင်းဆိုဖို့ မတွန့်ဆုတ်သင့်ကြောင်း တိုက်တွန်းပြော ဆိုခဲ့သည်။

 ဗြိတိန်ရှိ အလုပ်အကိုင်ဆိုင်ရာ ၀က်ဘ်ဆိုက် Monster.co.uk က စစ်တမ်း ကောက်ယူမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လူများသည် ငွေကြေးမျက်နှာ တစ်ခုတည်း ကိုမကြည့်ဘဲ ကိုယ်လုပ်ကိုင်နေသည့် အလုပ်သည် ကိုယ့်ဘ၀ပျော်ရွှင်မှု အတွက် ထည့်ဝင်သယ်ပိုးနိုင်သည် မနိုင်သည်ကိုပါ ထည့်သွင်း တွက်ချက်ရန် လိုအပ်နေကြောင်း ၀က်ဘ်ဆိုက်မှ အန်ဒီဆမ်နာက ပြောဆိုခဲ့သည်။

Credit : messenger

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top