iMyanmarHouse.com - Best Property Website for Myanmar
×










ဆယ်ကျော်သက်အရွယ်ကနေ စတင်လာခဲ့တဲ့ အပျော်အပါးတွေ၊ ပါတီတွေ၊ ခရီးတွေသွားကာ အတွေ့အကြုံရှာတာတွေ၊ အရာရာကို စူးစမ်းချင်စိတ်နဲ့ ပေါ့ပါးလွတ်လပ်တဲ့ဘ၀ကို အရှိန်အဟုန် နဲ့ စိတ်မြန်လက်မြန်ပျော်ရွှင်လှုပ်ရှားနေချင်တဲ့ စိတ်တွေဟာ အခုအခါမှာ အနည်ထိုင်စပြုတာ သတိထားမိလာပါသလား။ တကယ်လို့ သင်ဟာ ၂၅ ကျော်လာပြီ အဲလိုတွေလည်းဖြစ်လာပြီ ဆိုရင် ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ ဒီတော့ ကိုယ့်ရဲ့အပြောင်းအလဲအတွက် စိတ်ထဲ စနိုးစနောင့်ဖြစ်နေ တာတွေရှိနေရင်ဒါဟာသဘာဝပါပဲလို့ ပြန်ဆန်းစစ်နိုင်ဖို့ ဖြစ်တတ်တဲ့ ယေဘုယျအချက်လေးတွေကို
 ဖော်ပြပေးလိုက်ပါတယ်။

(၁) စနေ တနင်္ဂနွေကျရင် ဘယ်လျှောက်လည်ရင်ကောင်းမလဲ စဉ်းစားတိုင်း မိဘအိမ်ကိုပဲ ပြန်ချင်မိတယ်။ ( မိဘနဲ့ခွဲနေသူများ၊ အလုပ်နဲ့နီးရာအဆောင်နေသူများ )

(၂) ကိုယ်နဲ့အတူသွားဖို့ ချိန်းထားတဲ့သူတွေက မသွားဖြစ်တော့တဲ့အခါ စိတ်ထဲ လှစ်ခနဲ ပျော်သွားတယ်။

(၃) သောကြာနေ့ညတွေမှာ အရင်လို အပြင်ထွက်မကဲချင်တော့ပဲ အိမ်တွင်းအောင်းရင်း အပန်းဖြေမယ်၊ အားမွေးမယ်လို့ သူများတွေကိုပြောတယ်။

(၄) တကယ်တော့ သောကြာညတွေ အပြင်မထွက်တော့တာဟာ အနားယူချင်လို့ မဟုတ်ပဲ ပိုက်ဆံသုံးဖြစ်မှာစိုးလို့ဖြစ်တယ်။

(၅) ထမင်းဟင်းတွေကို အပြင်မှာပဲ ၀ယ်စားမနေတော့ပဲ ကိုယ့်ဘာသာချက်စားတာ ငွေကုန်သက်သာပြီး ကျန်းမာရေးနဲ့ညီကြောင်း သိလာတယ်။

(၆) သူများတွေ မွေးနေ့ပွဲလုပ်မယ်၊ ကိုယ့်ကိုဖိတ်မယ်ဆိုရင် လန့်နေတတ်တယ်၊ ကိုယ့်မွေးနေ့ကိုလည်း မလုပ်ချင်ဘူးဖြစ်နေတယ်။

(၇) အစားကိုကောင်းကောင်းစားတယ်၊ လှဖို့အတွက်ချည်းပဲ စဉ်းစားမနေပဲ ကျန်းမာဖို့ကို ပိုအလေးထားလာတယ်။

(၈) မင်္ဂလာဆောင်တွေက ဖိတ်စာတွေ တဖွဲဖွဲရောက်လွန်းလို့ အပတ်စဉ်မဟုတ်တောင် လစဉ်တော့ ပွဲတက်နေရတတ်တယ်။

(၉) ၁၈ နှစ်ကျော်အရွယ်လေးတွေ သွားတတ်တဲ့ပွဲမျိုးတွေကို လုံးဝမကြိုက်တော့ဘူး။

(၁၀) အသက် ၂၂ အောက်ငယ်တဲ့အရွယ်လေးတွေရဲ့ အပြုအမူအပြောအဆိုတွေကို မျက်စိထဲ ကန့်လန့်မြင်လာတယ်။

(၁၁) ဆယ်ကျော်သက်လေးတွေဟာ မယဉ်မကျေးပဲ လုပ်ချင်တာလျှောက်လုပ်နေတယ်လို့ ထင်မြင်လာတယ်။

(၁၂) ဈေးကြီးတဲ့ အ၀တ်အစားတွေ၊ ဖုန်းတွေကို ရှိုးပြဖို့သက်သက်မ၀ယ်တော့ပဲ ကိုယ့်အတွက် တကယ်အသုံးတည့်တာတွေကိုပဲ ၀ယ်တတ်လာတယ်။

(၁၃) မက်ဆေ့တွေ အပြန်အလှန်ပို့ကြတာ၊ Group chat တွေလုပ်ကြတာ၊ chatting တွေပြောရ တာကို သိပ်မလုပ်ချင်တော့ဘူး။

(၁၄) တစ်ခါတလေ ပွဲရှိလို့ နည်းနည်းပါးပါးသောက်မိရင် ခေါင်းတွေကိုက်နေပြီး အလုပ်မှာ အနှောင့်အယှက်ဖြစ်လာတယ်။

(၁၅) သူများတွေက တစ်ခုခုသွားဖို့၊ တစ်ခုခုလုပ်ဖို့ အတင်းတောင်းဆိုလာရင် အားမနာတတ်တော့ပဲ မရရင် မရဘူးပြောရဲလာတယ်။

(၁၆) အကြံဥာဏ်တောင်းစရာရှိရင် အရင်ကလို သူငယ်ချင်းတွေဆီ မပြောတော့ပဲ မိဘတွေကိုပဲ တိုင်ပင်အကြံဥာဏ်တောင်းတတ်လာတယ်။

(၁၇) သူငယ်ချင်းတွေ စေ့စပ်ကြ လက်ထပ်ကြတဲ့အခါ ငယ်ငယ်ကလို ကိုယ့်ကိုထားသွားရက် လေခြင်းလို့ စိတ်မကောင်းမဖြစ်တော့ပဲ သူတို့အတွက် ၀မ်းသာကျေနပ်ပေးတယ်။

(၁၈) အလုပ်ပိတ်ရက်တွေမှာ အသားကုန်အိပ်ပစ်မယ်လို့ အားခဲထားပေမဲ့ မနက် ၁၀နာရီကျော်တာနဲ့ ဆက်မအိပ်တတ်တော့ဘူး။ တကယ်လို့ ၁၀ နာရီကျော်ထိ အိပ်သွားမိရင်တောင် ဘာမှမလုပ်ဖြစ်တော့လို့ ကိုယ့်ကိုယ်ကို စိတ်ပျက်မိတယ်။

(၁၉) ပွဲတက်အကျီင်္လှလှလေးတွေထက် အလုပ်သွားဝတ်စုံခန့်ခန့်ညားညားတွေ ပိုဝယ်လာတယ်။

(၂၀) ကိုယ့်ရဲ့နေ့စဉ်အချိန်ဇယားကို တလေးတစားရှိလာပြီး အလုပ်ပျက်စေမယ့် ပွဲတွေ၊ ချိန်းဆိုမှုတွေကို မလုပ်ချင်တော့ဘူး။

(၂၁) မနက်အိပ်ရာနိုးပြီး အလုပ်သွားဖို့ ပြင်ဆင်နေရင်းက အိပ်ရာကို သပ်သပ်ရပ်ရပ်လေး ပြန်သိမ်းထားတတ်လာတယ်။

(၂၂) စားပြီးသားပန်းကန်တွေကို ဘေစင်ဆီရောက်အောင် ချက်ချင်းသွားထားတတ်လာတယ်။

(၂၃) တစ်ခုခုကို ၀ယ်ခါနီးတိုင်း ဒါ ငါတကယ်လိုအပ်ရဲ့လားလို့ သေသေချာချာ မေးမြန်းမိလာတယ်။

(၂၄) လစဉ်အသုံးစရိတ်ကို တိတိကျကျသတ်မှတ်ပြီး တကယ်လည်း ကြိုးစားပြီး တိတိကျကျ လိုက်နာသုံးစွဲတယ်။

(၂၅) ကော်ဖီကို ဆိုင်မှာ ၀ယ်မသောက်တော့ပဲ ရုံးက ပေးထားတာကိုပဲ သောက်တော့တယ်။

(၂၆) လူတိုင်းရဲ့ အကြိုက်ကို လိုက်လုပ်နေတာမျိုးတွေ မရှိတော့ပဲ လုပ်သင့်တာကိုပဲ လုပ်တော့တယ်။

(၂၈) ခေတ်မှာ ပေါ်သမျှ ပေါ်ပင်ကိစ္စတွေကို စိတ်မ၀င်စားတော့ပဲ Facebook မှာလည်း ဓါတ်ပုံတွေဘာတွေ အရမ်းမတင်ဖြစ်တော့ဘူး။

(၂၉) အစားအစာကို အာဟာရရှိမရှိ စဉ်းစားပြီးမှ ၀ယ်စားတတ်လာတယ်။

(၃၀) မိုးအရမ်းချုပ်ပြီး သန်းခေါင်ကျော်ထိ လုပ်တတ်တဲ့ ပွဲမျိုး၊ တွေ့ဆုံမှုမျိုးကို သိပ်မသွားချင်တော့ဘူး။

ကဲ ၂၅ နှစ်ကျော် အရွယ်တော် တဆိတ်ဟိုင်း ကိုကိုမမတို့ရေ…  ဒီအချက်တွေထဲက အချက်တွေဟာ တကယ်လည်းဖြစ်နေတယ်၊ ဒါကို စိတ်ထဲလည်း မသက်မသာဖြစ်မိနေတယ်၊ ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျဖြစ်မိနေတယ်ဆိုရင် ဒါဟာ ၂၅နှစ်ကျော်သူတိုင်းလိုလိုဖြစ်နေတဲ့ ရင့်ကျက်ခြင်း ဖြစ်စဉ်တစ်ခုပဲ လို့ ပြောပြလိုက်ပါရစေ။

Credit : yangon life

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top