iMyanmarHouse.com - Best Property Website for Myanmar
×














ပရိသတ်များအပေါ် လီမင်ဟိုထားရှိသော ကြင်နာမှု နှင့် ဂရုစိုက်မှုတို့ကို ကမ္ဘာတစ်ဝန်း ရှိ ပရိသတ်များနှင့်သတင်းဌာန များက သတိပြုမိကြသည်။

‘‘လီမင်ဟိုဟာ ဒရာမာဇာတ် လမ်းထဲမှာ အကြင်နာမဲ့တဲ့ဇာတ် ရုပ်ကို သရုပ်ဆောင်ရပေမယ့် တကယ့်လက်တွေ့မှာကျတော့ ဂရုစိုက်တတ်ပြီး ကြင်နာစိတ်ရှိတဲ့ သူတစ်ဦးဖြစ်နေပါတယ်’’ဟု တရုတ်သတင်းဌာနတစ်ခုက စက်တင်ဘာ ၁၇ ရက်တွင်ဖော်ပြ သည်။ စက်တင်ဘာ ၁၄ ရက် ပရိသတ်တွေ့ဆုံပွဲတစ်ခုအတွင်း လီမင်ဟိုပြုမူခဲ့ပုံကို ယင်းသတင်း က ဖော်ပြခြင်းဖြစ်သည်။

လီမင်ဟိုသည် ဆိုးလ်မြို့  Youngdeungpo Times Square ၌ပြုလုပ်ခဲ့သော ပရိသတ်များ အား အမှတ်တရလက်မှတ်ရေးထိုးပေးသည့်ပွဲပြီးနောက်တွင် ချက်ချင်းမထွက်ခွာဘဲ ဘီးတပ်ကုလား ထိုင်ပေါ်၌ ထိုင်နေသော ပရိသတ်တစ်ဦးကို နှုတ်ဆက်ရန် နေရစ်ခဲ့သည်။ လီမင်ဟိုသည် အဆိုပါ မိန်းကလေးပရိသတ်ရှိရာသို့သွားရောက်၍ အမှတ်တရလက်မှတ်ရေးထိုးပေးပြီး ယင်းမိန်းကလေးကို ဖက်၍နှုတ်ဆက်ခဲ့ရာ ၎င်း၏ကြင်နာသော အပြုအမူများကြောင့် ကြည့်ရှုနေသူများ စိတ်လှုပ်ရှားခဲ့ကြသည်ဟု ယင်း သတင်းကဖော်ပြသည်။

ပရိသတ်များအား လက်မှတ်ရေးထိုးသည့်ပွဲသို့ ကံကောင်းသူပရိသတ် ၁၀၀ဦးသာ တက်ရောက်ခွင့်ရသော်လည်း ဘီးတပ်ကုလားထိုင်ပေါ်မှမိန်းကလေးမှာ ယင်းပရိသတ် ၁၀၀ ဦးတွင်မပါဝင်ဟုသိရသည်။ လီမင်ဟိုသည် ပရိသတ်များ အပေါ် မည်မျှကြင်နာဖော်ရွေ ကြောင်းကို ကမ္ဘာတစ်ဝန်းမှ အင် တာနက်အသုံးပြုသူများက မှတ်ချက်ပေးခဲ့ကြသည်။

လီမင်ဟိုသည် တရုတ် သရုပ်ဆောင်မင်းသမီး တစ်ဖနီ ထန်နှင့်အတူ Bounty Hunters ရုပ်ရှင်ဇာတ်ကား၌ ပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top