iMyanmarHouse.com - Best Property Website for Myanmar
×










အမေရိကန်ပေါ့ပ် စတားကေတီပယ်ရီသည် တစ်ည တည်းတွင် ဆံပင်ပုံစံနှစ်မျိုးပြောင်း၍ ပွဲတက်ခဲ့သည်ဟုသိရသည်။

ကေတီပယ်ရီသည် စက်တင်ဘာ ၁၆ ရက်တွင် နယူး ယောက်မြို့ The Plaza ဟိုတယ်၌ ကျင်းပပြုလုပ်သော Harper's Bazaar Icons ပွဲသို့တက်ရောက်ခဲ့သည်။ ကေတီပယ် ရီသည် တလက်လက်တောက်ပ နေသော ဂါဝန်နှင့်လိုက်ဖက်သည့် နီညိုရောင်ဆံပင်ပုံစံနှင့် အနီ ရောင်ကော်ဇောထက်၌ ပထမ ဦးစွာလျှောက်လှမ်းခဲ့သည်။

ယင်းပွဲတွင် ကေတီပယ်ရီ သည် Roar, Teenage Dream နှင့် I Kissed a Girl အပါအဝင် ၎င်း၏နာမည်အကျော်ကြားဆုံး သီချင်းအချို့ကို ဖျော်ဖြေတင် ဆက်ခဲ့သည်။ ထို့နောက် ပွဲပြီး ပါတီပွဲ၌ ကေတီပယ်ရီကို ပန်းဆီ ရောင်ဆံပင်ပုံစံသစ်နှင့် ပြန်လည် တွေ့ရှိရသည်။ ကေတီပယ်ရီ သည် ယင်းပွဲညတွင် ဆံပင်ပုံစံ သာမက ခေါင်းအစခြေအဆုံး ပုံစံပြောင်းလဲမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Harper's Bazaar Icons ပွဲသို့ ကန်ဒေါလ်ဂျန်နာ၊ ဂီဂီဟာ ဒစ်၊ ကိတ်အပ်တန်၊ မာရီယာကာ ရေး၊ ရီတာအိုရာကဲ့သို့သော နာမည်ကျော်များလည်း တက် ရောက်ခဲ့ကြသည်ဟုသိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit : 7day Daily
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top