iMyanmarHouse.com - Best Property Website for Myanmar
×









ချစ်သူနှစ်ဦး တွဲလာတဲ့ သက်တမ်းကြာလာလို့ နှစ်ယောက်ဆုံတဲ့အခါ ဘာမှထူးထူးခြားခြား ပြောစရာ လုပ်စရာ သွားစရာမရှိတော့ဘူးလို့ ခံစားလာရပြီလား။ ဟိုးအရင်တုန်းက လို နှစ်ဦးသား အချစ်ရေး နုပျိုလန်းဆန်း သွားချင်တယ်ဆိုရင် (၇)ရက်အတွင်း သင်လုပ်ဆောင်ရမယ့် အရာလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ သင့်ချစ်သူကို ရိုမန်တစ်ဆန်ဆန် နှိပ်နယ်ပေးတာမျိုးလုပ်ပါ။

ရုပ်ရှင်တွေထဲမှာ မြင်နေကျ ဖယောင်းတိုင်လေးကြား ချစ်သူနှစ်ဦး ကြည်ကြည်နူးနူးရှိနေသလိုမျိုးပဲ သင်လည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါကတော့ မွှေးရနံ့သင်းတဲ့ ဖယောင်းတိုင်လေးတွေ ထွန်းပြီး သင့်ချစ်သူရဲ့ လက်တွေ ခြေထောက်တွေကို နှိပ်နယ်ပေးပါ။ နှစ်ယောက်အပြန်အလှန် နှိပ်နယ်ပေးတာမျိုးလည်း ကောင်းပါတယ်။ စိတ်ဖိစီးမှုတွေ လျော့ကျသွားမှာ ဖြစ်တဲ့အပြင် သင်တို့နှစ်ဦးအတွက်လည်း ပိုမိုရင်းနှီးသွားစေပါလိမ့်မယ်။ ဒါ့အပြင် ခုလို နှိပ်နယ်နေချိန်အတွင်း သီချင်းလေး ဖွင့်ထားပါ။ ရိုမန်တစ်ဆန်ဆန်လေးပေါ့။

၂။ ချစ်သူနဲ့ပတ်သက်ပြီး သင်သဘောကျတဲ့အရာတွေ ရေးချပါ။

ချစ်သူနဲ့ပတ်သက်ပြီး ရေးချင်တာရေးဖို့ စာအုပ်လေး တစ်အုပ်ထားပါ။ အဲ့ဒီစာအုပ်လေးထဲမှာ သင့်ချစ်သူနဲ့ပတ်သက်ပြီး ဘယ်အရာတွေကို သင်မြတ်နိုးသဘောကျတယ်ဆိုတာ ရေးသားပါ။

၃။နှစ်ဦးသား အနမ်းခြွေပါ။

ပထမဆုံးအကြိမ်တုန်းက ရင်ခုန်စွာ နမ်းခဲ့ရတဲ့ ဒီနှုတ်ခမ်းတစ်စုံအကြောင်း တွေးပါ။ ဟိုးအရင်တုန်းကလို စိတ်ကို ပေါ့ပေါ့ပါးပါးလေးထားပြီး ချစ်သူကို ပြန်ရင်ခုန်ကြည့်လိုက်ပါ။ သူ့ရဲ့နှုတ်ခမ်းလေးတွေကို ကြင်နာစွာနမ်းပါ။

၎။သင့်ချစ်သူ ကြိုက်တဲ့ ဟင်း ၊ အစားအစာတစ်ခုခုကို ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပါ။

တစ်ခါတစ်လေ လူတစ်ယောက်ဟာ ပြောဆိုနေတာထက် တကယ်လုပ်ပြဖို့ လိုပါတယ်။ သူ့ကိုတစ်နေ့ ချက်ပြုတ်ပေးမယ် ပြောနေတာထက် သင်ချက်ပြုတ်ပေးတာကို သူစားရရင် သူတကယ်ကျေနပ်သွားပါလိမ့်မယ်။

၅။လက်ဆောင်ပေးပါ။

လက်ဆောင်က သေးသေး၊ ကြီးကြီး သင့်ချစ်သူကတော့ သူရတဲ့ လက်ဆောင်လေးကို သဘောကျနေပါလိမ့်မယ်။ ဒါဟာ သူ့ကို အသိအမှတ်ပြုလို့ပေးတဲ့ အရာ မဟုတ်လား။

၆။အရင်တုန်းက ဒိတ်လုပ်ဖူးတဲ့ နေရာဟောင်းတွေဆီ အတူပြန်သွားပါ။

နှစ်ဦးစလုံးအတွက် အမှတ်တရ ဖြစ်ခဲ့ဖူးတဲ့ နေရာလေးတွေ ရှိပါတယ်။ သူနဲ့ကိုယ် စတွေ့တဲ့ စားသောက်ဆိုင်လေး၊ အတူသွားဖူးတဲ့ ဘား၊ ပထမဆုံးရည်းစားဖြစ်တုန်းက ချိန်းတွေ့ခဲ့တဲ့ ပန်းခြံ စသဖြင့် နေရာဟောင်းလေးတွေဆီ အတူပြန်သွားကြည့်ပါ။ ကြည်နူးပျော်ရွှင်ရပါလိမ့်မယ်။

၇။အထိအတွေ့လေးတွေ ပြန်လည်အသက်ဝင်ပါစေ။

နှစ်ဦးသားအတူရှိနေချိန် မဟုတ်ပဲ အခြားလူတွေနဲ့ရှိနေချိန် ကိုယ့်ချစ်သူပါးလေးကို ခိုးနမ်းတာမျိုး၊ နှစ်ယောက်အပြင်အတူသွားချိန် တစ်ယောက်လက်တစ်ယောက် မလွှတ်တမ်းကိုင်ထားတတ်တာမျိုး၊ ပွေ့ဖက်တာမျိုးတွေနဲ့ သင့်အချစ်ရေးကို ပိုမိုနုပျိုသွားအောင် လုပ်ဆောင်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top