မွေးနေ့မှာ သီချင်းတွေနဲ့ဂုဏ်ပြုခံရတဲ့ ဘီယွန်စေး
ကမ္ဘာကျော် ပေါ့ပ်ဘုရင်မဘီယွန်စေး၏ အသက် (၃၄)နှစ်ပြည့်မွေးနေ့ကို မိသားစုဝင်များနှင့် မိတ်ဆွေများက အွန်လိုင်း၌အမှတ်တရသီချင်းများပြန်လည်ဝေမျှ၍ ဂုဏ်ပြုခဲ့ကြသည်။
ဘီယွန်စေးသည် စက်တင် ဘာ ၄ ရက်တွင် အသက် (၃၄) နှစ်ပြည့်ခဲ့ပြီး ယင်းမွေးနေ့အထိမ်း အမှတ်အဖြစ် ၎င်းကိုချစ်ခင်သူ များက အမှတ်တရအဖြစ်ဆုံး ကာလများအားဖော်ပြသည့် သီချင်းများကို ဘီယွန်စေးဝက်ဘ် ဆိုက်၌ဖော်ပြခဲ့ကြသည်။
ခင်ပွန်းဖြစ်သူဂျေးဇီက ၎င်း တို့ဇနီးမောင်နှံအကြား အမှတ် တရအဖြစ်ဆုံးသီချင်းဖြစ်သည့် Coldplay အဖွဲ့၏ Yellow သီချင်း ကိုဝေမျှ၍ ဇနီးဖြစ်သူ ဘီယွန်စေး ၏မွေးနေ့ကို ဂုဏ်ပြုခဲ့သည်။ ဘီယွန်းစေး၏ အသက် (၃)နှစ် အရွယ်ရှိသမီးဖြစ်သူ ဘလူးအိုင်ဗီ က The Little Mermaid ကာတွန်းဇာတ်ကားထဲမှ Part of Your World သီချင်းကို မိခင် ဘီယွန်စေးမွေးနေ့အမှတ်တရ အဖြစ် ဖော်ပြခဲ့သည်။ ထို့အပြင် ဘီယွန်စေးက သမီးဖြစ်သူဘလူး အိုင်ဗီကိုယ်တိုင် ရေးဆွဲပြုလုပ် ထားသောမွေးနေ့ဆုတောင်း ကတ်ဓာတ်ပုံကို ၎င်း၏ Instag-ram စာမျက်နှာ၌ ဖော်ပြခဲ့သည်။ ဘီယွန်စေးအတွက် မွေးနေ့ဂုဏ် ပြုတေးသီချင်းများဖော်ပြသူများ တွင် ၎င်း၏မိဘနှစ်ပါး၊ ယောက္ခမ၊ညီမ၊ မောင်နှင့်မိတ်ဆွေသူငယ် ချင်းများလည်းပါဝင်သည်။
ဘီယွန်စေး၏ အသက် (၃၄)နှစ်ပြည့်မွေးနေ့ကို ကန်သမ္မတ ကတော် မီရှဲလ်အိုဘားမား၊ အဆိုတော် တေလာဆွစ်ဖ်၊ အဆိုတော်မာရီယာကာရေး၊ သရုပ်ဆောင်မင်းသမီး ဂွင်းနက်ပယ်ထရိုးစသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များကဆုတောင်းစကားများ ပြောကြားခဲ့သည်။
Credit: 7 Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...