iMyanmarHouse.com - Best Property Website for Myanmar
×











 စကရန်တွန်တက္ကသိုလ်မှ အမေရိကန်သုတေသီ ဂျိုးဗင်ဆင်၏ပြော ကြားချက်အရ အခွံမာသီးများအနက် သစ်ကြားစေ့မှာ ကျန်းမာရေးအတွက် အကောင်းဆုံးအခွံမာသီးဖြစ်ကြောင်း သိရသည်။ သစ်ကြားစေ့လက်တစ်ဆုပ်စာခန့်တွင် အခြားစားသုံးလေ့ရှိသော အခွံမာသီး များ၌ ပါဝင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပမာဏ၏နှစ်ဆခန့်အထိ ပါဝင်သည်။

သို့သော် လူများသည် သစ်ကြားစေ့ကို အများကြီးစားလေ့မရှိ ကြပေ။ သစ်ကြားစေ့တွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သည့် ဗီတာမင်အီး ကဲ့သို့ပင် ပရိုတိန်းဓာတ်နှစ်ဆမှ ၁၅ ဆအထိ ပါဝင်သည်။

ယင်းဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ရောဂါဖြစ်စေသော ထိခိုက်ဖျက်ဆီးတတ်သည့် ဓာတုပစ္စည်းများကို ကာကွယ်တားဆီး ပေးသည်။ ၂၀၀၉ က အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့သော သုတေ သနပြုချက်အရ အခွံမာသီးများစားသုံးမှုကြောင့် ကိုယ်အလေးချိန် တက်လာနိုင်သည့် အန္တရာယ်ကို လျော့ကျစေနိုင်ပြီး အဝလွန်မှုအန္တ ရာယ်ကို လျော့ကျစေနိုင်သည်။ သို့သော် တစ်နေ့လျှင် သစ်ကြားစေ့ အများဆုံး ခုနစ်စေ့အထိသာ စားပေးရန် လိုသည်။

သစ်ကြားစေ့တွင်ပါဝင်သော အိုမီဂါ-၃ ဖက်တီးအက်စစ်များက သွေးထဲရှိ မကောင်းသော ကိုလက်စထရောများကို ထိန်းချုပ်ပေး ကာ ကောင်းသော ကိုလက်စထရောများကို တိုးပွားအောင် ဆောင်ရွက်ပေးသည်။ သစ်ကြားစေ့လက်တစ်ဆုပ်စာကို နေ့စဉ်စားပေးခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ လေဖြတ်ခြင်း၊ နှလုံးသွေး ပြန်ကြောရောဂါများနှင့် အခြားနှလုံးနှင့်ဆက်စပ်သည့် အလားအ လာရှိသော ရောဂါများအန္တရာယ်ကို ကာကွယ်ပေးနိုင်သည်။

ထို့ပြင် ပန်းနာ၊ အရေပြားရောဂါ၊ နှင်းခူနာနှင့် ဒူလာအဆစ် ရောင်ရောဂါတို့ကဲ့သို့ ရောင်ရမ်းသောရောဂါများကို သစ်ကြားစေ့ စားခြင်းဖြင့် တိုက်ဖျက်နိုင်သည်။

သစ်ကြားစေ့များတွင် ကိုယ်ခံအားစနစ်အားကောင်းစေသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပြီး အသက်အရွယ်အိုမင်းမှု၊ ကင်ဆာနှင့်အာရုံကြောဆိုင်ရာ ကစဥ့်ကလျားဖြစ်မှုတို့ကို ကာကွယ်နိုင် သည့်အစွမ်းသတ္တိများရှိသည်။

သစ်ကြားစေ့တွင်ပါဝင်သော အိုမီဂါ-၃ ဖက်တီးအက်စစ်က အရေးပြားဆဲလ်များ၏အမွေးပါးများကို အားကောင်းစေနိုင်ပြီး ဖျက်ဆီးတတ်သော အဆိပ်အတောက်များကို ရှင်းထုတ်ပေးသဖြင့် အ သားအရေကို တောက်ပစေနိုင်သည်။

သစ်ကြားစေ့တွင် ဗီတာမင်ဘီအုပ်စုဝင် ဗီတာမင်များစွာပါဝင် သောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ စားပေးသင့်သည်။ထို့ပြင် သုက်အားကောင်းစေသော ဓာတ်များဖြစ်သည့် မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ သံဓာတ်၊ ဆယ်လီနီယမ်နှင့် ကြေးနီဓာတ်တို့ သစ်ကြားစေ့တွင် ပါဝင်သည်။

သစ်ကြားစေ့ကို စားပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကိုလည်း ကာ ကွယ်ပေးနိုင်သည်။ ထို့ပြင် ဆံကေသာကို အားကောင်းသန်မာစေပြီးကိုယ်အလေးချိန်လျှော့ချရေးအတွက် ကိုလက်စထရောပါဝင်မှုနည်းပါးသည့်အစားအစာဖြစ်သည်။ သို့သော် သစ်ကြားစေ့တွင် ကယ် လိုရီပါဝင်မှုများသောကြောင့် အတန်အသင့်သာ စားပေးသင့်သည်။ နေ့စဉ် သစ်ကြားစေ့ ၁ ဒသမ ၅ အောင်စခန့် အများဆုံးထား၍ စား ပေးနိုင်သည်။

ဖိုးသူတော်(www.phothutaw.com)
Credit : 7Day Daily
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top