iMyanmarHouse.com - Best Property Website for Myanmar
×










အိပ်ယာဝင်ချိန် မတိုင်ခင်မှာ ကော်ဖီ တစ်ခွက် လောက်သောက်ခြင်းဟာ သင့်ကို အိပ်မပျော်တော့ပဲ နိုးကြားနေစေတာနဲ့ ပတ်သက်ပြီး အကြောင်းအရင်း ကို ဘယ်သူမှ မသိခဲ့ကြပါဘူး။ အခုတော့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါပြီ။

သုတေသန တစ်ခုက ပြသခဲ့တာကတော့ ညနေပိုင်းမှာ ကော်ဖီကောင်းကောင်း တစ်ခွက်ကို သောက်လိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အချိန်စက်ဝိုင်းတွေကို တစ်နာရီ ခန့် နောက်ပြန်ဆုတ်ပေးလိုက် သလို ဖြစ်သွားစေတယ် ဆိုတာကို သုတေသီ တွေက တွေ့ရှိခဲ့ကြပါတယ်။ ကဖိန်း ၂၀၀ မီလီဂရမ်ခန့် မှီဝဲ ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အချိန်စက်ဝိုင်း ကို တစ်နာရီ စာလောက် နှေးကွေးသွားစေနိုင်ပါတယ်။

အဲဒါကြောင့် ကော်ဖီ သောက်ခြင်းဟာ တော်တော်နဲ့ အိပ်ပျော်ဖို့ ခက်သွားစေသလိုပဲ အိပ်ပျော်သွားရင်လည်း မနက်မှာ တော်တော် နဲ့ မထနိုင်တော့ပါဘူး။

ဗြိတိန် နဲ့ အမေရိက မှာရှိတဲ့ သုတေသီတွေက ညနေပိုင်းမှာ ကဖိန်း ဓါတ်မှီဝဲ ခြင်းကို ရှောင်ကြဉ်ဖို့ သတိပေးခဲ့ရုံတင်မကပါဘူး။ ဦးနှောက်ထဲ ပုံမှန် လုပ်ဆောင်မှု အချိန်စက်ဝိုင်းတွေကိုလည်း နှေးကွေးသွားစေနိုင်ပါတယ်။

ဒီ ဖြစ်စဉ်ကို လေ့လာဖို့အတွက် သုတေသီတွေဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို အုပ်စုဖွဲ့စေပြီး ပြတင်းပေါက်မရှိ ၊ နာရီ မရှိတဲ့ စမ်းသပ်ခန်းထဲမှာ ၇ ပတ်ခန့် နေထိုင်စေခဲ့ပါတယ်။ တစ်ချို့ညတွေမှာတော့ သူတို့ကို ကဖိန်း ဓါတ်ပါဝင်တဲ့ ဆေးလုံးတွေကို အိပ်ရာဝင်ခါနီးမှာ သောက်သုံးစေခဲ့ပါတယ်။ တစ်ခြားညတွေမှာတော့ သူတို့ဟာ အခြား ဆေးဝါးတွေကို သောက်ရပါတယ်။

ထို ကဖိန်းပါတဲ့ ဆေးလုံးတွေမှာ ကဖိန်းဓါတ် ၂၀၀ မီလီဂရမ် ပါဝင်ပါတယ်။ သာမန် ကော်ဖီတစ်ခွက်မှာဆိုရင် ကဖိန်း ၁၀၀ မီလီဂရမ် ပါဝင်ပြီး လက်ဖက်ရည်တစ်ခွက်မှာဆိုရင်တော့ ၅၀ မီလီဂရမ်သာ ပါဝင်ပါတယ်။ espresso ကော်ဖီ တစ်ခွက်မှာဆိုရင်တော့ ကဖိန်း ဓါတ် ၈၀ မီလီဂရမ် ပါဝင်ပါတယ်။

ထို အစစ်ဆေးခံတဲ့ လူတွေကို အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ melatonin ဆိုတဲ့ ဟော်မုန်း ပမာဏ စစ်ဆေးလိုက်တဲ့အခါမှာ ကဖိန်းပါတဲ့ ဆေးလုံး သောက်သုံးထားသူတွေဟာ ထို ဟော်မုန်းကို ဖြစ်ပေါ်စေဖို့ ၂ နာရီစာ ခန့် နောက်ကျနေတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top