iMyanmarHouse.com - Best Property Website for Myanmar
×











အသက်တွေ ကြီးလာတာနဲ့အမျှလူတွေရဲ့ နှလုံးသားတွေဟာ တဖြည်းဖြည်း သေးငယ်သွားတတ်ကြပြီး
ဦးနှောက်တွေကတော့ တဖြည်းဖြည်း ကြီးလာတတ်ပါတယ်။နှလုံးသားတွေကို အသက်ရှင်သန်ရန် နှလုံးခုန်ဖို့အတွက်သာ အသုံးပြုလာကြပြီး ၊ နှလုံးသားနဲ့ဆုံးဖြတ်ရမဲ့ အရာတွေကိုတော့ ဦးနှောက်က ပြောင်းလဲတာဝန်ယူ ယူစေလိုက်ကြပါတယ်။

တစ်ခါတစ်လေ နှလုံးသားနဲ့ဆုံးဖြတ်လိုက်တဲ့အခါ အမှားကြီးမှားသွားတတ်တာမျိုး ရှိတတ်ကြသလို …
ဦးနှောက်နဲ့ ဆုံးဖြတ်လိုက်လို့ နှလုံးသားတွေ သေသွားတဲ့အခါမျိုး ရှိတတ်ကြပါတယ်။ဘ၀မှာ အဓိပ္ပါယ်ရှိဖို့ဆိုတာ …တူလေးနှစ်ချောင်းလိုပါပဲသူတို့ကို အစုံလိုက်သုံးပြုမှ ခရီးရောက်သလို …
ဦးနှောက်နဲ့ နှလုံးသားကိုရော သမမျှတအောင် ရောနှောတတ်ရပါတယ်။

အစားသောက်တစ်ခုကိုလည်း မျက်လုံးနဲ့ ကြည့်တိုင်းလည်း စားကောင်းလိမ့်မယ်လို့ ပြောလို့မရပါဘူး ။
ပါးစပ်ထဲရောက်ပြီး လျှာကသာဆုံးဖြတ်ပေးနိုင်ပါတယ်။မျက်လုံးက ဒီအစားသောက်က စားချင်မှ ပါးစပ်ထဲကိုရောက်သလိုပါပဲ ။နှလုံးသားက လက်ခံနိုင်မှ ဦးနှောက်ထဲပါ တစ်ခါတည်းရောက်သွားရတာပါ။
နှလုံးသားက လက်ခံနိုင်ပြီဆိုတာနဲ့ ဦးနှောက်ကလည်း တစ်ခါတည်း အဆင်ပြေမဲ့ လမ်းကြောင်းတွေနဲ့ တွက်ချက်ဖေါ်ဆောင်သွားတတ်ကြပါတယ်။

ဦးနှောက်ချည်းသက်သက်နဲ့တော့ဘယ်တော့မှမတွက်ချက်မိပါစေနဲ့ နှလုံးသားတွေ သေသွားတဲ့အခါ
 နောင်တရမှာမို့လို့ပါ။

Credit : ချစ်တဲ့…မနုဿ

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top