iMyanmarHouse.com - Best Property Website for Myanmar
×

ဒုတိယတစ်ကိုယ်တော် ခွေ၏ ခေါင်းစီးသီချင်းဖြစ်သည့် ‘လူပျိုလှည့်တေး’သီချင်းအတွက် ရိုက်ကူးထားသော အချို့ဇာတ်ဝင် ခန်းများကို  ဆင်ဆာခွင့်မပြုခဲ့ သောကြောင့် ယင်းသီချင်းကို ဗား ရှင်းနှစ်မျိုးဖြင့် ဖြန့်ချိပေးမည်ဖြစ် ကြောင်း ဘန်နီဖြိုးက ပြောသည်။

‘‘ကျွန်တော်လူပျိုလှည့်တေး အယ်လ်ဘမ်မှာ လူပျိုလှည့်တေး တိုင်တည်သီချင်းက ဆင်ဆာထိ ပါတယ်။ ဆင်ဆာထိတာက ညစ် ညမ်းပြကွက်တွေ၊ အမြင်မသင့် တောတာတွေကြောင့် မဟုတ်ပါ ဘူး။ အဲဒီသီချင်းကို မန္တလေးမှာ သွားရိုက်တာ ဆိုင်ကယ်စီးတဲ့အ ခန်းတွေမှာ ဦးထုပ်မဆောင်းခဲ့တာ ကြောင့် ယာဉ်စည်းကမ်းလမ်း စည်းကမ်းနဲ့ မသင့်တော်တဲ့အ တွက် ဒီသီချင်းက ပြသဖို့အဆင် မပြေတဲ့အတွက် ဗားရှင်းနှစ်မျိုးနဲ့ စီစဉ်ထားပါတယ်’’ဟု ၎င်းက ပြောသည်။

ယုန်ပုံစံအလှပြကားနှင့် ရိုက်ကူးထားသည့်ဇာတ်ဝင်ခန်း များနှင့် ယင်းသီချင်းသီဆိုထား သည့် ဇာတ်ဝင်ခန်းများပါဝင်မည့် ဗားရှင်းကို လူပျိုလှည့်တေး ဒီဗီဒီ တွင် ထည့်ပေးမည်ဖြစ်ပြီး ဆင် ဆာခွင့်ပြုချက်မရခဲ့သည့် ဇာတ် ၀င်ခန်းများပါဝင်မည့် ဗားရှင်းကို မူ လူပျိုလှည့်တေး ဒီဗီဒီမထွက်မီ နှစ်ရက်ခန့်ကြိုတင်၍ ၎င်း၏တရား ၀င်ဝက်ဘ်ဆိုက်မှ အခမဲ့ဖြန့်ချိပေး မည်ဟု ၎င်းက ပြောသည်။

‘‘အောက်တိုဘာ ၁ ရက်မှာ ကျွန်တော့်ရဲ့ လူပျိုလှည့်တေး Version 2 ကို www.bunnyphyoe.com ကနေ အခမဲ့ဖြန့်ချိ ပေးနေပါမယ်’’ဟု ၎င်းက ပြော သည်။ လူပျိုလှည့်တေး ဒီဗီဒီကို အောက်တိုဘာ ၄ ရက်တွင် စတင်ဖြန့်ချိပေးမည်ဖြစ်ပြီး ယင်း နေ့ညနေတွင် လှည်းတန်းစင်တာ ၌ ပရိုမိုးရှင်းပွဲပြုလုပ်မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

အဆိုပါဒီဗီဒီကို အော်ဒီယိုစီ ဒီထွက်ရှိချိန်နှင့် ၂ နှစ်ခန့်အကြာ တွင် ဖြန့်ချိနိုင်ခဲ့ခြင်းဖြစ်ပြီး လို အပ်ချက်များရှိပါက ပရိသတ်များ အနေဖြင့် ခွင့်လွှတ်ပေးစေလို ကြောင်း ၎င်းက ဆိုသည်။

‘‘စိတ်တိုင်းမကျတာက တော့ ခုချိန်ထိကို စိတ်တိုင်းမကျ သေးဘူး။ ထပ်ပြင်ချင်သေးတာ။ ကားမှောက်တဲ့အခန်းတစ်ခန်းဆို ရင် ဒီ့ထက်ပိုပြီး အထူးပြုလုပ်ချက် တွေနဲ့လုပ်ချင်တာ’’ဟု ဘန်နီဖြိုး က ပြောသည်။

ယင်းအခွေတွင် နာမည်ကြီး သရုပ်ဆောင်များထက် ရင်းနှီး သည့် သူငယ်ချင်းများနှင့် မျက်နှာ သစ်သရုပ်ဆောင်များပါဝင်ပြီး ၎င်းကိုယ်တိုင်ပါဝင်သရုပ်ဆောင် ထားသည့် သီချင်းများလည်း ပါဝင်သည်ဟု ပြောသည်။ထို့ပြင် အော်ဒီယိုစီဒီထွက်ရှိ စဉ်က ပါဝင်ခဲ့သည့် ‘မလွမ်းကြေး’ သီချင်းနှင့် ‘I am going crazy’ သီချင်းများ ပါဝင်မည်မဟုတ် တော့ကြောင်း ၎င်းက ပြောသည်။

‘‘မလွမ်းကြေးက DUO မှာ ပုံစံတစ်အသစ်တစ်မျိုးနဲ့ ပါဝင် လာမှာပါ။ I am going crazy ကတော့ ကျွန်တော့်ရဲ့ ၀က်ဘ် ဆိုက်ကနေ အခမဲ့ဖြန့်ပေးမှာပါ’’ ဟု ဘန်နီဖြိုးက ပြောသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top