iMyanmarHouse.com - Best Property Website for Myanmar
×










အနေဝေးတဲ့ ချစ်သူစုံတွဲဘဝမှာ ချစ်သူချင်း ဆက်ဆံရေး ခိုင်မာစေဖို့ နှစ်ဦးစလုံးမှာ ပိုမိုကြိုးစား အားထုတ်မှုတွေလိုအပ်ပါတယ်။ မအားမလပ်တဲ့ကြားက အချိန်တွေရအောင်ဖန်တီး၊ စကားပြောဆိုကာ အချိန်နဲ့ငွေကုန်ခံပြီး ခရီးထွက်ပေးရမယ့် အပိုင်းတွေလည်း ရှိနေပြန်ပါတယ်။ ဒီအချက်ကို မှတ်သားပြီး အရေးကြီးအချက်တွေကို လေးစားလိုက်နာခြင်းက ပိုမိုခိုင်မြဲပြီး ရင်းနှီးမှုပိုတဲ့ ဆက်ဆံရေးဖြစ်စေပါလိမ့်မယ်။ ခုပြောပြပေးမယ့် အချက်လေးတွေက မိမိချစ်သူစုံတွဲဘဝကို ဆက်လက် သက်ဝင်စေနိုင်ပါလိမ့်မယ်။

(၁) အလည်အပတ်သွားရောက်ပါ။ ဒါပေမယ့် အချင်းချင်းတော့ မဟုတ်ပါဘူး။ တစ်ယောက်အိမ်ကို တစ်ယောက် အလည်အပတ် သွားခိုင်းတာပါ။

(၂) နှစ်ဦးဝေးကွာနေစဉ် အရေးကြီးဆုံး လုပ်သင့်သည့် အချက်က စကားပြောခြင်းပါ။ မိမိတို့ရဲ့ တစ်နေ့တာ အကြောင်းတွေ ပြောဆိုဆွေးနွေးပါ။ သူ့အကြောင်းတွေ မေးမြန်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီးဘူးလို့ ယူဆရတဲ့ အကြောင်းအရာကစ အသေးစိတ်ဆွေးနွေးပါ။

(၃) နေ့တိုင်း… ဗီဒီယိုချက်တင်ဖြင့် စကားပြောပါ။ တစ်ယောက်မျက်နှာ တစ်ယောက်မြင်တွေ့ရတာ ၅ မိနစ်ပဲဖြစ်ဖြစ် ဒါဟာ ရင်းနှီးမှုများစွာ ဖြစ်ထွန်းစေပါတယ်။

(၄) မကြာမကြာ ဓာတ်ပုံတွေ ပို့ပေးပါ။ မိမိတစ်နေ့တာအကြောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ပို့ပို့ပေးတာ မိမိနေ့စဉ်လုပ်ငန်း အတွေ့အကြုံတွေ ဝေမျှဖို့ လျင်မြန်လွယ်ကူတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ယုံကြည်မှုလည်း ဖြစ်စေပါတယ်။

(၅) သင်ယူဖို့ အမြဲတမ်း စိတ်အားထက်သန်နေပါစေ။ နှီးစပ်မှုရှိဖို့ ဘယ်လောက်ပဲကြိုးစားကြိုးစား ပြသနာ မရှိပါ။ သီးခြားစီနေထိုင်တာ ချစ်သူအကြောင်း မိမိမသိတဲ့အရာ ရှိကောင်းရှိနိုင်တယ် ဆိုတာပါပဲ။ သူ့နေစဉ် ဘဝအကြောင်း မိမိထက်ပိုသိတဲ့ သူတွေကို မနာလိုမဖြစ်စေအောင် ကြိုးစားပါ။

(၆) ခွဲခွာနေရတဲ့အချိန် မရနိုင်တဲ့ ခန္ဓာကိုယ်ချင်း နီးစပ်မှုရှိအောင် ကြိုးစားမယ့်အစား သူ့အကြောင်းသား စိတ်ကူးပြီး လေထဲတိုက်အိမ်ဆောက်ပါ။ ကိုယ့်ချစ်ူကို သစ္စာရှိပါ။

(၇) အနေဝေးတဲ့ ချစ်သူစုံတွဲဘဝ ဆက်သွားဖို့ ရွေးချယ်လိုက်တဲ့အခါ ဘယ်လောက်ကြာကြာ ခွဲနေနိုင်မလဲ ဆုံးဖြတ်ပါ။ အတူနေမယ့် မိမိအနာဂတ်ကို တွေးကြည့်ပြီး အစီအစဉ်တစ်ခုဆွဲပါ။

(၈) မိမိကိုယ်ပိုင်အချိန်မှာ ပျော်ပျော်နေပါ။ အချိန်တိုင်း မိမိချစ်သူနဲ့ အတူကုန်ဆုံးစေချင်တဲ့အတွေးကို အာရုံစိုက်နေမယ့်အစား ခွဲခွာနေရစဉ် မိမိကိုယ်ပိုင်အချိန်လေးကို တန်ဖိုးထားပါ။ ကိုယ့်ပျော်ရွှင်စေတဲ့အရာတွေ လုပ်ပြီး မိမိချစ်သူကို ပြန်ပြောပြပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top