iMyanmarHouse.com - Best Property Website for Myanmar
×











 Sky Dive ပြုလုပ်သည့် အချိန်တွင် ခံစားရသည့် ခံစားမှု သည် ဘဝအတွက် မမေ့နိုင်စရာ အမှတ်တရဖြစ်ခဲ့ကြောင်း မော် ဒယ်အောန်ဆိုင်းက ပြောသည်။‘‘Sky Dive ကိုလုပ်ချင်တာ အရမ်းကြာပြီ။ စိတ်ကူးထားတာ လည်း အရမ်းကြာပြီ။ အခွင့် အရေးမရတာ။ ယိုးဒယားမှာဆို ရင်လည်း မလုပ်ဖြစ်ဘူး။ US မှာ ကျတော့ Safely လည်းပိုဖြစ် တယ်ဆိုပြီး လုပ်ဖြစ်သွားတာ။ ခံစားချက်ကတော့ ဘာနဲ့မှမလဲ နိုင်ဘူး။ မိုက်တယ်’’ဟု ၎င်းက ပြောသည်။

Sky Dive မှာ သတ်မှတ် ထားသည့်အမြင့်တစ်နေရာရှိ လေယာဉ်ပေါ်မှ လေဟာနယ်သို့ လေထီးဖြင့် ခုန်ချသည့် ကစား နည်းတစ်မျိုးဖြစ်သည်။ အောန် ဆိုင်းသည် အမေရိကန်ပြည် ထောင်စုသို့ရောက်ရှိစဉ် အဆိုပါ Sky Dive ကစားနည်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမြင့်ပေတစ် သောင်းသုံးထောင်မှ ခုန်ချနေ သည့် ဓာတ်ပုံများကို ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် မျှဝေပေး ထားသည်။

‘‘ပေတစ်သောင်းသုံးထောင် ဆိုတော့ လေယာဉ်စီးရတာ တောင် တော်တော်ကြာတယ်။ လေယာဉ်ပေါ်ကနေ ခုန်ချပြီး လေထီးမပွင့်ခင်အချိန်ကတော့ လုံးဝ Free၊ ဒီအတိုင်းပဲ။ အောက် ကိုကြည့်ရင် ဘာမှမမြင်ရဘူး။ လေထီးဖွင့်လိုက်ရင်တော့ ကြောက်စရာမရှိတော့ဘူး’’ဟု Sky Dive ပြုလုပ်ခဲ့သည့် အတွေ့ အကြုံကို အောန်ဆိုင်းက ပြော သည်။

အောန်ဆိုင်းသည် ဆန်ဖရန် စစ္စကိုမြို့တွင် ပြုလုပ်သည့် မော် ဒယ်ရှိုး၌ပါဝင်ရန် ဖိတ်ကြားခံရ ခြင်းကြောင့် အမေရိကန်နိုင်ငံသို့ ဩဂုတ် ၁၅ ရက်ကတည်းက သွားရောက်ခဲ့ခြင်းဖြစ်ပြီး စက် တင်ဘာ ၄ ရက်တွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိခဲ့သည်။

အောန်ဆိုင်းနှင့်အတူ အမေ ရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် မော်ဒယ်အမ်ဆိုင်းလုလည်း Sky Dive ပြုလုပ်ခဲ့ကာ အမ်ဆိုင်း လု၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဓာတ်ပုံများတင်ထားသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top