iMyanmarHouse.com - Best Property Website for Myanmar
×










လမ်းခွဲခြင်းဟာ ဘယ်သူ့အတွက်မှ မလွယ်ကူပါဘူး။ ဒါပေမယ့် အဲ့ဒီအရာကနေ တန်ပြန်သက်ရောက်လာမယ့် အရာကို အဓိက သော့ချက်အနေနဲ့ သင်ခန်းစာကောင်းကောင်းယူမယ်၊ အပြောင်းအလဲကောင်းတွေ လုပ်မယ်ဆိုရင် ဒီလမ်းခွဲခြင်းအတွက် သင်နောင်တရစရာ မရှိတော့ပါဘူး။ ဒီတော့ သင်ဘယ်လောက်ပဲ ခံစားနေရပါစေ။ လမ်းခွဲပြီးတဲ့နောက်ပိုင်း ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းဖို့ရာ သင့်ကိုယ်သင် ဒီမေးခွန်းလေးတွေ မေးကြည့်လိုက်ပါ။

၁။အရင်လမ်းခွဲပြတ်စဲခဲ့တဲ့ချစ်သူနဲ့တုန်းက သင်ဟာ ဘယ်နေရာမှာ ရှိနေခဲ့သလဲ။ သင့်အချစ်ရေးမှာ သင်ဟာ ဘယ်အခန်းကဏ္ဍကနေ ရှိခဲ့သလဲ။

လမ်းခွဲခဲ့တဲ့ ရည်းစားဟောင်းနဲ့တုန်းက သင့်ကို သူဘယ်လိုတွေ ဆက်ဆံခဲ့သလဲ။ သင်ဘယ်လောက် နားလည်ပေးခဲ့ ပေးခဲ့ သင်နောက်ဆုံးရခဲ့တာဘာများလဲ။ သင်မကြိုက်ဘူးဆိုတဲ့အရာတွေကို  သူထပ်ခါထပ်ခါ လုပ်နေခဲ့တာမျိုးလား။ သူက အခြားသူတွေနဲ့ အခွင့်အေ၇းရရင်ရသလို ဇာတ်လမ်းလုပ်တတ်တာမျိုးလား။ အဲ့ဒီအချစ်ရေးမှာ သင်ဟာ သင့်ကိုယ်သင် ကျေနပ်တာမျိုး၊ ပျော်ရွှင်တာမျိုးတွေ ခြုံငုံသုံးသပ်ကြည့်ရင် ပိုင်ဆိုင်နေခဲ့သလား။ သင်ဟာ သူ့အတွက် ဘယ်လိုနေရာမျိုးမှာ ပါဝင်နေတာမျိုးလဲ။ ကိုယ့်အခြေအနေကို ပြန်သုံးသပ်ပါ။ သင်ရောသူပါ မှားခဲ့တာတွေ ရှိနေတာမျိုးဆိုရင် ဒီအမှားတွေကို အနာဂတ်ကို ထပ်သယ်ဆောင်မသွားပဲ ခုပဲ ပြင်ဆင်နိုင်သလောက် ပြင်ဆင်ပါ။ အရင်တစ်ယောက်ဆီလည်း ပြန်သွားစရာ မလိုပါဘူး။ လမ်းခွဲတယ်ဆိုကတည်းက သင်တို့နှစ်ဦး သဘောထားချင်း ဘယ်လိုမှ မတိုက်ဆိုင်တော့တာကြောင့် ခုလို ဆုံးဖြတ်ခဲ့ကြတယ်ဆိုတာ သိပါစေ။

၂။နောက်ထပ် ချစ်သူတစ်ယောက် ရလာတဲ့အခါ ခုအခြေအနေနဲ့ ကွဲပြားအောင် သင်ဘယ်လိုပြုမူဆောင်ရွက်နိုင်သလဲ ကိုယ့်ကိုကိုယ် ပြန်မေးပါ။

ခုလို ရည်းစားဟောင်းနဲ့ ပြတ်သွားခဲ့ရတဲ့ အကြောင်းအရင်းမှာ သင်ကရော ဘယ်လိုအရာတွေ အမှားလုပ်ခဲ့မိလဲ။ သင့်ကိုယ်သင် သဘောမကျတဲ့အရာမျိုးတွေရှိရင် ဒီလိုမျိုး နောက်အချစ်ရေးတွေမှာ မဖြစ်အောင် ပြင်ဆင်ရမှာပါ။ အထူးသဖြင့် သင့်ရည်းစားဟောင်းက သင့်ကို နင်ကတော့ ဘယ်လိုလူမျိုးပဲ ဆိုပြီး ပြန်ရန်တွေ့တာမျိုး၊ သင့်အခြေအနေကို ဝေဖန်တာမျိုးတွေ ရှိတယ်ဆိုရင် ငါဟာ ဒီလိုလူမျိုးလားဆိုတာတွေးပြီး သင့်အကျင့်လေးတွေကို ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။

၃။သင့်ရဲ့ ယုံကြည်ချက်တွေ မျှော်လင့်ချက်တွေက ဘာတွေများလဲ။ ဒီအရာတွေကို သင်တကယ်အကောင်အထည်ဖော်နိုင်မှာလား။

သင်ဟာ သင်ချစ်ရသူနဲ့တွဲလာပြီး တစ်နှစ်အကြာလောက်ပဲ စေ့စပ်ထားချင်တာမျိုးလား။ သင့်ချစ်သူနဲ့ ဒီ့ထက်မက ပိုအတူရှိချင်တာမျိုးလား။ သင့်စိတ်ထဲမှာ ရှိတဲ့ သင်ဖြစ်ချင်တဲ့ အရာတွေ၊ မျှော်လင့်ချက်တွေ ကို သေချာသိထားဖို့ လိုပါတယ်။ ဒီလို ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ သိထားရင် တစ်ဖက်လူကိုလည်း သေချာ ဖွင့်ဟ လာနိုင်ပါလိမ့်မယ်။ တကယ်တော့ အချစ်ရေးတွေ အဆုံးသတ်ကုန်ရတဲ့ အကြောင်းအရင်းတွေထဲမှာ တကယ်ဖြစ်မလာနိုင်တဲ့ မျှော်လင့်ချက်တွေ ထားနေပြီး အဲ့ဒီအရာတွေက ဘာမှ ဦးတည်းချက်လည်း မရှိ ပြောင်းလဲသွားတာတွေကြောင့်လည်း ပါပါတယ်။

၎။သင်ဟာ ကိုယ့်ကိုယ်ကိုယ်ရော သေချာနားလည်နေပြီလား။ သင်သာ သင့်ကိုယ်တိုင်နဲ့ ပြန်ဒိတ်လုပ်ရမယ်ဆိုရင် .....။

ခိုင်မြဲတဲ့အချစ်ရေးတစ်ခု လိုချင်တယ်ဆိုရင် သင့်ဘက်က သင့်ကိုယ်သင် သေချာနားလည်နေရပါလိမ့်မယ်။ သင့်စိတ်ထဲ ဘယ်လိုအရာမျိုးတွေကို မလုံမခြုံခံစားရလေ့ရှိသလဲ၊ ဘယ်လိုအပြုအမူမျိုးတွေ သည်းညည်းမခံနိုင်ဘူးလဲ၊ သင့်ပြသနာကဘာလဲဆိုတာကို ကိုယ်ကိုကိုယ် ပြန်မေးပါ။ အဖြေကို သင်မကြိုက်ရင်တောင် လက်ခံရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါ သင်ကိုယ်တိုင်ပဲလေ။

၅။သူ့ပုံစံအကျင့်စရိုက်မျိုးနဲ့ နောက်ထပ်လူတွေကို ရှောင်နိုင်မလား။

အရင်ထားခဲ့တဲ့ ချစ်သူပုံစံမျိုးကိုပဲ ထပ်လိုချင်တယ်ဆိုရင် အရင်တစ်ယောက်နဲ့တုန်းကလို အခြေအနေမျိုးတွေပဲ ဖြစ်လာပါလိမ့်မယ်။ ဒီလိုပုံစံနဲ့ နောက်ထပ်ဆုံလာမယ့်သူတွေကို သင့်ဘက်က အနီရောင်အလံလေးသာ ကြိုပြနိုင်အောင် ပြင်ဆင်ထားပါ။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top