iMyanmarHouse.com - Best Property Website for Myanmar
×










အိပ်ပျော်နေချိန်တွင် ဟောက်တတ်ပြီး အခြားအသက်ရှူမှု ဆိုင်ရာ ပြဿနာရှိသည့် ကလေးများသည် စာသင်ကျောင်းတွင် ထူးချွန်နိုင်ခြေ နည်းပါးကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။

နယူးဇီလန်နိုင်ငံ ဒူနဲဒင်ရှိ အိုတာဂို တက္ကသိုလ်မှ ပညာရှင် ဘာဘရာဂယ်လန်နှင့် လုပ်ဖော်ကိုင်ဘက် များသည် နိုင်ငံ (၁၂) နိုင်ငံမှ အသက် (၅) နှစ်မှ (၁၇) နှစ်ကြား ကလေးငယ် (၅၅၀) ဦးအား လေ့ လာထားမှု (၁၆) ခုမှ စာရင်းအင်းများကို လေ့လာပြီးနောက် ယခုကဲ့သို့ ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

 ဟောက်ခြင်းနှင့် အိပ်ပျော်နေချိန် ခေတ္တခန့် အသက်ရှူ ရပ်သွားခြင်းကဲ့သို့ အိပ်ပျော်ချိန် ပုံမှန်မဟုတ်သည့် အပြုအမူများနှင့် သက်ဆိုင်သော လက္ခဏာများနှင့် ကျောင်းသားများ၏ ပညာရေးမှတ်တမ်းများကို နှိုင်းယှဉ်လေ့လာ ခဲ့သည်။

အိပ်ပျော်နေချိန်တွင် အသက်ရှူမှု ဆိုင်ရာ ပြဿနာရှိသည့် ကျောင်းသားများသည် ပြဿနာမရှိသည့် ကျောင်းသားများထက် အမှတ် ကောင်းကောင်း ရနိုင်ခြေ (၁၂) ရာခိုင်နှုန်း နည်းပါးနေကြောင်း ပညာရှင်များက Pediatrics ဂျာနယ်တွင် ရေး သားခဲ့သည်။

အဆိုပါ ကလေးငယ် များသည် သာမန်ကလေးများနှင့် နှိုင်းယှဉ်လျှင် ဘာသာစကားနှင့် အနုပညာဆိုင်ရာ ရမှတ်များတွင် (၁၂ ဒသမ ၃) ရာခိုင်နှုန်း၊ သင်္ချာရမှတ်များတွင် (၁၂ ဒသမ ၁) ရာခိုင်နှုန်းနှင့် သိပ္ပံရ မှတ်များတွင် (၁၁ ဒသမ ၆) ရာခိုင်နှုန်း နည်းပါးကြောင်း ပညာရှင်များက ရေးသားခဲ့သည်။

 အမေရိကန် ပြည်ထောင်စုရှိ မူလတန်းကလေးငယ် (၁၀) ဦးလျှင် တစ်ဦးသည် အိပ်ပျော်နေချိန်တွင် အသက်ရှူမှု ဆိုင်ရာ ပြဿနာများ ရှိနေကြောင်း Sleep ဂျာနယ်၌ ပါဝင်သည့် လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။

Credit:Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top