iMyanmarHouse.com - Best Property Website for Myanmar
×











 ဘောလုံးကြယ် ပွင့်ဟောင်း ဒေးဗစ်ဘက်ခမ်း သည် ငွေကြေးမြောက်မြားစွာ အကုန်အကျခံ၍ ရေးထိုးထားသောတက်တူးများတွင် နွေရာသီက ၎င်း၏မိသားစုဝင်များအတွက် တက်တူးများထပ်ဖြည့်ခဲ့သော် လည်း ဇနီးဖြစ်သူဗစ်တိုးရီးယား ဘက်ခမ်းမှာမူ တက်တူးပရိသတ် ဟုတ်ပုံမရပေ။

ဘက်ခမ်းကိုရည်စူး၍ ဟီဘရူးဘာသာဖြင့်လည်ပင်းမှ ကျောရိုးတစ်လျှောက် ကျော လယ်အထိထိုးထားသောတက် တူးကိုဖျက်ပစ်ရန် ဗစ်တိုးရီးယား က လေဆာကုထုံးဖြင့်ကုသမှုခံ ယူပြီးကြိုးစားနေသည်။

သားသမီး လေးဦး၏မိခင် ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယား (၄၁) နှစ်သည် ‘ငါဟာ ငါ့ချစ်သူ အတွက်၊ ငါ့ချစ်သူဟာငါ့အတွက်’ ဟု ဟီဘရူးဘာသာဖြင့် ရေးထိုး ထားသောတက်တူးကို ဖျက်ပစ် ရန်ကြိုးစားနေခြင်းဖြစ်သည်။

စပိုက်ဂဲလ်အဖွဲ့ဝင်အဆိုရှင် ဟောင်း ဗစ်တိုးရီးယားသည် နယူးယောက်မြို့တွင်ပြုလုပ် သော ဖက်ရှင်ပွဲသို့ တက်ရောက် လာစဉ် ၎င်း၏ကျောဘက်မှ တက်တူးမှာ အရောင်သိသိသာ သာဖျော့သွားသည်ကိုမြင်တွေ့ရ သည်။

သို့သော် ယင်းမှာ ဗစ်တိုး ရီးယား     မကြာမီလများက ဖျက်ပစ်ခဲ့သည့်တစ်ခုတည်းသော တက်တူးမဟုတ်ဘဲ လက် ကောက်ဝတ်မှ တက်တူးနှစ်ခုကို လည်း ဖျက်ပစ်ခဲ့ပြီးဖြစ်သည်။ ပထမတက်တူးမှာ ၂၀၀၆ က ဘက်ဟမ်းနှင့် ဗစ်တိုးရီးယားတို့၏ မင်္ဂလာဆောင်နှစ်ပတ်လည်နေ့ ရက်စွဲဖြစ်ပြီး ဒုတိယတက်တူးမှာ ‘အစကပြန်စမယ်’ဟုအဓိပ္ပာယ်ရ သော စာသားကို လက်တင် ဘာသာဖြင့် ထိုးထားခြင်းဖြစ် သည်။ ဘက်ခမ်းသည် ၂၀၀၇ က အယ်လ်အေဂလက်ဇီအသင်း တွင်ကစားရန် အမေရိကသို့ မိသားစုလိုက်ပြောင်းရွှေ့လာချိန်တွင် ဗစ်တိုးရီးယားက ယင်းတက်တူးကို ရေးထိုးခဲ့ခြင်းဖြစ်သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top