iMyanmarHouse.com - Best Property Website for Myanmar
×










သုတေသနပညာရှင်တွေဟာ အမျိုးသမီး၂၀၀ကျော်ထံမှ ရင်သားကင်ဆာဆဲလ်အရေအတွက် အများအပြားဟာ ကျွဲနွားတွေရှိ သွေးအားနည်းစေတဲ့ဗိုင်းရပ်စ် BLV နဲ့ ဆက်စပ်မှုရှိတဲ့ အထောက်အထားတွေကို အံ့သြဖွယ် တွေ့ရှိခဲ့ကြပါတယ်။

BLV ဟာ အမဲသားနဲ့ နို့ထွက်ပစ္စည်းတွေကို ကူးစက်နိုင်သော်လည်း အချိန်အတော်ကြာထိ လူသားတွေကိုတော့ မကူးစက်နိုင်ပါဘူး။

လယ်ကွင်းတွေထဲက စက်ရုံကြီးတွေရှိ နို့ စည်ပေါင်းများစွာမှာ BLV ကူးစက်မှုရှိနေပမယ့် နွားတွေရဲ့ ၅ရာခိုင်နှုန်းကသာ ဒီဗိုင်းရပ်စ်ကြောင့် နာမကျန်းဖြစ်ကြတယ်လို့ US Department of Agriculture ရဲ့အဆိုအရ သိရပါတယ်။ University of California Berkeley မှ လေ့လာသူတွေကလည်း BLV ဗိုင်းရပ်စ်ဟာ လွန်ခဲ့တဲ့နှစ်ကစပြီး လူသားတွေဆီကို ကူးစက်လာတာကို တွေ့ရှိခဲ့ကြပါတယ်။

ရင်သားကင်ဆာဆဲလ်တွေရဲ့ ၅၉ရာခိုင်နှုန်းဟာ BLV ကိုအခြေခံပြီး ဆဲလ်အတွင်း DNA ပါဝင်မှုတွေကြောင့်ဆိုတာကို ထင်ရှားတဲ့ အထောက်အထားတွေနဲ့ တွေ့ရှိခဲ့ကြပါတယ်။ ရင်သားကင်ဆာမရှိသူ အမျိုးသမီးတွေရဲ့ ဆဲလ်တွေမှာတော့ ၂၉ ရာခိုင်နှုန်းလောက်သာ ပါဝင်နေတယ်လို့ ဆိုပါတယ်။

လေ့လာချက်အရ BLV က ရင်သားကင်ဆာဖြစ်ပွားစေတယ်ဆိုတာကို သက်သေမပြနိုင်သေးပါဘူး။ Hepatitus B ဗိုင်းရပ်စ်ကတော့ လူတွေမှာ အသဲကင်ဆာဖြစ်ပွားစေနိုင်ပြီး Papilloma ဗိုင်းရပ်စ်ကတော့ လည်ပင်းနဲ့ စအိုကင်ဆာတွေကို ဖြစ်ပွားစေနိုင်ပါသတဲ့။

“တကယ်လို့ BLV ဟာ ရင်သားကင်ဆာကို ဖြစ်ပွားစေတဲ့အချက်ကို သက်သေပြနိုင်ရင်တော့ ရင်သားကင်ဆာ ဖြစ်ပွားမှုကို ထိန်းချုပ်ရာမှာ ပြောင်းလဲမှုတွေ ဖြစ်စေနိုင်တယ်။ ကင်ဆာရောဂါ ထိန်းချုပ်ကုသခြင်းထက် ကြိုတင်ကာကွယ်ရေးဘက်ကို ပြောင်းလဲသွားနိုင်ပါတယ်။” လို့ သုတေသနပညာရှင် Buehring က ဆိုပါတယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top